နိုဝင်ဘာ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဟောင်ကောင်တိုက်ခန်းတွဲမီးလောင်မှုအတွင်း သေဆုံးသူတွေထဲမှာ အသက် ၃၇ နှစ်အရွယ်မီးသတ်သမားတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ ဟိုဝေဟိုလို့အမည်ရတဲ့ အဲ့ဒီမီးသတ်သမားဟာ မီးသတ်ဌာနမှာ ၉ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တာပါ။
မီးလောင်မှုအတွင်း သူဟာ အဆောက်အဦးရဲ့မြေညီထပ်မှာ မီးငြှိမ်းသတ်ပေးနေခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်နေ့၊ ညနေ ၃ နာရီခွဲဝန်းကျင်မှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါ။ နာရီဝက်အကြာမှာ ဟိုကို မျက်နှာမှာ မီးလောင်ဒဏ်ရာတွေနဲ့ လဲကျနေတာကို တိုက်ခန်းအဆောက်အဦးအနီးနား ကွင်းအလွတ်နေရာတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။ ဆေးရုံဆီ အမြန်ပို့ဆောင်ခဲ့ပေမဲ့ ၄ နာရီ ၄၁ မီနစ်မှာ သေဆုံးသွားခဲ့ပါတယ်။

ဟိုက ချစ်သူသက်တမ်း ၁၀ နှစ်ကျော်ရှိပြီဖြစ်တဲ့ ချစ်သူကောင်မလေးနဲ့ ၁ လအတွင်း လက်ထပ်တော့မှာဖြစ်ပါတယ်။ သူ့ရဲ့အင်စတာဂရမ်မှာဆိုရင် သူ့ကောင်မလေးနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ ပြည့်လို့နေပါတယ်။
မီးလောင်မှုအတွင်း သေဆုံးသွားခဲ့ရတဲ့ ဟိုအပါအဝင် အခြားသူတွေနဲ့ မိသားစုဝင်တွေအတွက် တရုတ်သမ္မတနဲ့ ဟောင်ကောင်ရဲ့အမှုဆောင်အရာရှိချုပ်တို့က ထပ်တူထပ်မျှဝမ်းနည်းကြောင်းပြောကြားခဲ့ပါတယ်။ မီးသတ်ဌာနရဲ့ညွှန်ကြားရေးမှူး အန်ဒီယောင်းကလည်း ဟို ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး အလွန်ဝမ်းနည်းကြောင်းဖော်ပြခဲ့ပါတယ်။ ဒီကြိုးစားပြီး ရဲရင့်တဲ့မီးသတ်သမားဆုံးရှုံးမှုအတွက် အလွန်ဝမ်းနည်းရကြောင်း၊ လုပ်ဖော်ကိုင်ဖက်တွေအားလုံးက ဒီလိုကြိုးစားတဲ့ရဲဘော်ရဲဘက်ဆုံးရှုံးလိုက်ရတဲ့အတွက် အလွန်ဝမ်းနည်းပြောကြားခဲ့ပါတယ်။
Ref: Hong Kong firefighter, 37, dies while battling apartment blaze, was going to be married in 1 month
WL ( ရိုးရာလေး)

