စွန့်ပစ်ခံ ဝေဒနာရှင် ကလေးငယ်ပေါင်းများစွာကို ပြုစုစောင့်ရှောက်ပေးခဲ့သူ

father1.jpg

” ဘဝရဲ့ အခက်ခဲဆုံးတိုက်ပွဲကို ဘယ်ကလေးငယ်မှ တစ်ဦးတည်း ရင်ဆိုင်နေရတာမျိုး မဖြစ်သင့်ဘူး”တဲ့။ ဒီလို ပြောခဲ့သူကတော့ မိုဟာမက်ဘီဇိပါ။ သူဟာ လွန်ခဲ့တဲ့ ၄၃ နှစ်တုန်းက လစ်ဗျားကနေ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်သူအဖြစ် ရောက်ရှိလာခဲ့သူပါ။

ဝေဒနာ ဆိုးဆိုးရွားရွား ခံစားနေရပြီး မွေးစားမယ့်သူမရှိဖြစ်နေတဲ့ ကလေးငယ်ပေါင်းများစွာကို သူက ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ မိုဟာမက်ဘီဇိက နှစ် ၂၀ နီးပါးအတွင်း ဝေဒနာရှင် ကလေးငယ် ၈၀ ကို မွေးစားခဲ့တယ်။ ဝေဒနာရှင် ကလေးတွေဆိုရင် ဘယ်သူကမှ မမွေးစားချင်ကြဘူးလေ။ ဆေးရုံခုတင်ပေါ်မှာ အထီးကျန် ဖြစ်နေတဲ့ ကလေးငယ်တွေ မြင်ရတဲ့အခါ သူ စိတ်မကောင်း ဖြစ်ရတယ်။

မိုဟာမက်ဘီဇိနဲ့ ဇနီးဖြစ်သူတို့ဟာ နာမကျန်းဖြစ်နေတဲ့ ကလေးငယ်တွေကို မွေးစားခဲ့တယ်။ ပြုစုစောင့်ရှောက်ပေးကြတယ်။ မိုဟာမက်ဘီဇိရဲ့ လက်ပေါ်မှာတင် ကွယ်လွန်သွားတဲ့ ကလေးငယ် ၁၀ ယောက် ရှိတယ်။ မိုဟာမက်ဘီဇိရဲ့ ဇနီးက ၂၀၁၅ ခုနှစ်မှာ ကွယ်လွန်သွားတယ်။ ဇနီးသည် ကွယ်လွန်သွားပေမဲ့ မိုဟာမက်ဘီဇိက နာမကျန်းကလေးငယ်တွေ မွေးစားတဲ့ကိစ္စကို ရပ်တန့်ခဲ့ခြင်း မရှိဘူး။ သူတစ်ဦးတည်း တတ်နိုင်သလောက် ဆက်လုပ်ခဲ့တယ်။ သူဟာ ကလေးငယ် တစ်ဦးချင်းစီရဲ့ ဝါသနာ၊ ကြောက်ရွံ့တဲ့အခါ၊ သူတို့ရဲ့ဆန္ဒတွေအကြောင်း နားထောင်ပြီး အဖော်ပြုပေးခဲ့တယ်။ အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့တဲ့ ကလေးငယ်တွေ အထီးကျန် ဖြစ်နေမှာကို သူ မလိုလားခဲ့တာကြောင့်ပါပဲ။

၂၀၁၉ ခုနှစ်မှာ လော့စ်အိန်ဂျလိစ်တိုင်းမ်သတင်းစာက သူ့အကြောင်း ဖော်ပြပြီးတော့မှ လူတွေက သူ့ကို သတိထားမိလာကြတာပါ။ Diyanet Foundation က သူ့ကို International Benevolence ဆု ချီးမြှင့်ဂုဏ်ပြုခဲ့တယ်။

Ref: Mohamed Bzeek has dedicated his life to taking in the children who have nobody else in their final weeks on this earth.

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top