COVID-19 ကြောင့် အာဖဂန်နစ္စတန်ကလေးငယ် ၇ သန်းကျော် ဆာလောင်မွတ်သိပ်မှုဒဏ် ခံစားရနိုင်

30-4-2020-yyl-045.jpg

COVID-19 ကပ်ရောဂါကြောင့် အစားအစာဈေးနှုန်း မြင့်တက်နေလို့ အာဖဂန်နစ္စတန်နိုင်ငံမှာ ကလေးငယ် ၇ သန်းကျော် ဆာလောင်မွတ်သိပ်မှုဒဏ် ခံစားရနိုင်ခြေရှိတယ်လို့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းက ကူညီလှုပ်ရှားပေးခြင်းမရှိလို့ အာဖဂန်နစ္စတန်နိုင်ငံဟာ ဆာလောင်မှုမုန်တိုင်း၊ ရောဂါနဲ့ သေဆုံးမှုတွေ ခံစားနေရတယ်လို့ Save the Children အဖွဲ့က ပြောပါတယ်။ ကလေးငယ် ၇.၃ သန်းအပါအဝင် အာဖဂန်နစ္စတန်နိုင်ငံရဲ့ လူဦးရေ သုံးပုံ၊ တစ်ပုံဟာ အစားအစာပြတ်လပ်မှု ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ သိပ်မကြာသေးခင်ကလည်း ကုလသမဂ္ဂက အာဖဂန်နစ္စတန်နိုင်ငံကို အငတ်ဘေးဆိုက်ဖွယ်ရှိတဲ့ နိုင်ငံတွေစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

စစ်ဘေးဒဏ်ကို ဆယ်စုနှစ်နှစ်ခုနီးပါး ခံစားခဲ့ရတဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ ကျန်းမာရေးစနစ် ယိုယွင်းပျက်စီးနေလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင်ဖို့ ပိတ်ဆို့မှုတွေ အလျင်အမြန် လုပ်ခဲ့ရပါတယ်။ မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူတာကလွဲပြီး သွားလာလှုပ်ရှားမှုတွေကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top