မိသားစုသဘောမတူသူနဲ့ အိမ်ထောင်ပြုလို့ ကိုယ်ဝန်ဆောင် အစ်မကို မောင်က ခေါင်းဖြတ်

8.12.2021yyl1.jpg

ကိုယ်ဝန်ဆောင် အစ်မဖြစ်သူကို ခေါင်းဖြတ်ခဲ့တယ်လို့ သံသယရှိတဲ့အတွက် အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ် ရဲတပ်ဖွဲ့က ဆယ်ကျော်သက်တစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးဟာ ပြီးခဲ့တဲ့ဇွန်လတုန်းက မိသားစု သဘောမတူတဲ့ အမျိုးသားနဲ့ ခိုးရာလိုက်ပြေးပြီး လက်ထပ်ခဲ့တာပါ။ သူတို့ ၂ ယောက်လုံးက ဇာတ်တူပေမဲ့ အမျိုးသားရဲ့မိသားစုက ပိုဆင်းရဲလို့ မိန်းကလေးဘက်က သဘောမတူခဲ့တာပါ။

အမျိုးသမီးငယ်ဟာ အမေနဲ့ မောင်အတွက် လက်ဖက်ရည် ဖျော်နေတုန်း တံစဉ်နဲ့ တိုက်ခိုက်ခံရတာပါ။ အဲဒီနောက်မှာ သားအမိ ၂ ယောက်က ရဲစခန်းသွားပြီး အဖမ်းခံခဲ့ကြပါတယ်။ သူတို့ သားအမိ ၂ ယောက်က ခေါင်းပြတ်နဲ့အတူ ဆယ်ဖီတွဲရိုက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။ သမီးဖြစ်သူမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ မိခင်က သိထားတယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

သံသယရှိသူက အသက် ၁၈ နှစ် မပြည့်သေးဘူးလို့ ရှေ့နေက ထွက်ဆိုခဲ့လို့ ချုပ်ရက်ရမန်ယူပြီး လူငယ်ထိန်းသိမ်းရေးစခန်းကို ပို့ခဲ့ပါတယ်။ ဒါပေမဲ့ သံသယရှိသူက အရွယ်ရောက်ပြီဆိုတဲ့ အထောက်အထား တွေ့ရှိခဲ့လို့ တရားပြိုင် ရှေ့နေရဲ့ ထွက်ဆိုချက်ကို ချေပသွားမယ်လို့ ရဲအရာရှိက ပြောပါတယ်။ သံသယရှိသူရဲ့မိခင်ကိုတော့ ရဲအချုပ်မှာ ထိန်းသိမ်းထားပါတယ်။

Ref: BBC “Aurangabad: Indian teen arrested for beheading pregnant sister”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top