ရှရွတ်ခန်းရဲ့ ကန်ဒေါ်လာ ၁၅ သန်းကျော်တန် Rolex နာရီ

SRK.png

ဘောလိဝုဒ်ထိပ်တန်းမင်းသားကြီးရှရွတ်ခန်းဟာ မကြာသေးခင်က ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မှာ ကျင်းပပြုလုပ်တဲ့ Joy Awards 2026 ပွဲကို တက်ရောက်ဖြစ်ခဲ့ပါတယ်။ သူက အနက်ရောင်ဝတ်စုံအပြည့်ဝတ်ကာ အနီရောင်ကော်ဇောထက် လျှောက်လှမ်းလာခဲ့ပါတယ်။ လူအများကို အာရုံစိုက်စေခဲ့တာကတော့ သူ ဝတ်ဆင်ထားတဲ့ ဇိမ်ခံနာရီပါပဲ။

ရှရွတ်ခန်းဟာ Watches and Wonders 2025 ပွဲက အလွတ်လိုချင်တပ်မက်ဖွယ်ကောင်းတဲ့ Rolex Cosmograph Daytona Sapphire နာရီအမျိုးအစားကို ဝတ်ဆင်ခဲ့တာပါ။ ဒီရှားပါးနာရီကို Rolex ရဲ့ အလေးစားရဆုံးနဲ့ VVIP ဖောက်သည်တွေအတွက်ပဲ သီးသန့်ဖယ်ထားပေးလေ့ရှိတာပါ။

ဒီနာရီအမျိုးအစားက နာရီဘေးဘောင်ကို ၁၈ ကာရက်ရွှေဖြူနဲ့ ပြုလုပ်ထားကာ စိန် ၅၄ လုံးနဲ့ ခမ်းနားစွာ အလှဆင်ထားပြီး Size ၄၀ မီလီမီတာရှိတဲ့ နာရီဖြစ်ပါတယ်။ နာရီဒိုင်ခွက်နဲ့ ဒိုင်ခွက်ဘောင်ကို baguette-cut နီလာ ၃၆ လုံးနဲ့ အလှဆင်ထားပါတယ်။ ၁၈ ကာရက်ရွှေဖြူ Oyster နာရီပတ်ကြိုးနဲ့ တွဲဖက်လိုက်တော့ ဒီနာရီက ထူးခြားသွားပါတယ်။ ဒီနာရီဟာဆိုရင် ခန့်မှန်းခြေ ဒေါ်လာ ၁၅ သန်းကျော်တန်ဖိုးရှိပါတယ်။

ရှရွတ်ခန်းကတော့ လက်တလောမှာ King ရုပ်ရှင်ကားသစ် ရိုက်ကူးရင်း အလုပ်ရှုပ်လို့နေပါတယ်။

Ref: Shah Rukh Khan Wears Rs 13 Crore Rolex To Saudi Arabia Event. Why The Watch Costs So Much

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top