မင်္ဂလာပွဲနေ့က ဆွဲဆောင်မှုအပြည့်နဲ့ လှပနေခဲ့တဲ့ ထိုင်းမင်းသမီးချော Kimmy Kimberley ရဲ့ မင်္ဂလာဝတ်စုံ

18.9.23-yyl-12.jpg

လူတကာ အားကျရတဲ့ ထိုင်းမင်းသားချော Mark Prin နဲ့ မင်းသမီးချော Kimmy Kimberley တို့စုံတွဲကတော့ ချစ်သူသက်တမ်း ၁၀ နှစ်နီးပါးအကြာ စက်တင်ဘာ ၁၄ ရက်နေ့က ရွှေလက်တွဲသွားခဲ့ပါပြီ။ သူတို့ရဲ့မင်္ဂလာအခမ်းအနားကို အီတလီနိုင်ငံက Lake Como မှာ ကျင်းပခဲ့ပြီး မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေ တက်ရောက်ခဲ့ကြပါတယ်။

အရင်က သတို့သမီး Kim ဟာ မင်္ဂလာဝတ်စုံ ၅ စုံပြင်ဆင်ထားတယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီဝတ်စုံတွေထဲက ၃ စုံက ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့်မင်္ဂလာပွဲအတွက်ဖြစ်ပြီး နောက် ၂ စုံကတော့ အခု အီတလီမှာပြုလုပ်ခဲ့တဲ့မင်္ဂလာပွဲအတွက်ပါ။ သူကိုယ်တိုင် House Ambassador အဖြစ် ခန့်အပ်ခံထားရတဲ့ နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ် DIOR ရဲ့ဝတ်စုံတွေကို Pre Wedding ဓာတ်ပုံရိုက်ကူးမှုကစပြီး မင်္ဂလာအခမ်းအနားအထိ ဝတ်ဆင်ခဲ့တာပါ။

Kim က မင်္ဂလာပွဲနေ့မှာ Diorရဲ့ “Classic Long Sleeve Silhouette” ကို ဝတ်ဆင်ခဲ့တာပါ။ ဒီဝတ်စုံကို Kim ရဲ့စိတ်ကူးအကြံဉာဏ်အတိုင်း ဒီဇိုင်နာတွေက DIOR ရဲ့ “Floral Guipure Lace” Fabric ကို သုံးပြီး အလွှာ ၃ လွှာနဲ့ တစ်ဆင့်ချင်း ဖန်တီးပေးထားတာပါ။ ခေါင်းမှာဆင်မြန်းခဲ့တဲ့ လီလီပန်းခေါင်းပတ်ကလည်း ဒီဇိုင်နာတွေကိုယ်တိုင် ပြုလုပ်ပေးထားတဲ့ Limited Edition လို့ သိရပါတယ်။ သတို့သား Mark Prin ကတော့ အမေရိကန်နာမည်ကြီးဒီဇိုင်နာ တွမ်ဖို့ဒ်ရဲ့ဝတ်စုံကို ဝတ်ဆင်ခဲ့တာပါ။

After Party မှာလည်း Kimက DIOR ရဲ့ အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ခဲ့တာပါ။ ဒီဝတ်စုံက DIOR ရဲ့ Haute Couture Collection ထဲကပါ။ ဒီဝတ်စုံက Kim နဲ့ လိုက်ဖက်တင့်တယ်ခဲ့ပါတယ်။

Mark Prin နဲ့ Kimmy Kimberley တို့က နိုဝင်ဘာလထဲကျ ထိုင်းနိုင်ငံမှာ ထပ်ပြီး မင်္ဂလာပွဲကျင်းပသွားဦးမှာပါ။

Ref: Take a look at Kimberly – Mark Prin’s wedding dress from the famous brand DIOR, beautiful and stunning in every detail

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top