ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က 0.6x Ultra Wide angle lens ပါရှိတဲ့ 50MP Ultra Wide Selfie Camera နဲ့အတူ တစ်ချိန်တည်းမှာပဲ မိမိရဲ့ အလုပ်နဲ့ နေ့စဉ်ဘဝအတွက် အမှန်တကယ် အထောက်အကူပြုနိုင်တဲ့ များစွာသော တီထွင်ဖန်တီးနိုင်စွမ်းတွေကို ဖော်ထုတ်ပြသနိုင်မဲ့ ခေတ်မီဆန်းပြားတဲ့ AI လုပ်ဆောင်ချက်တွေ ပါရှိလာမဲ့ OPPO Reno15 Series 5G : OPPO Reno15 5G နဲ့ OPPO Reno15 F 5G တို့ကို မိတ်ဆက်လာခဲ့ပြီဖြစ်ပါတယ်။

ပုံမှန် ရုပ်ပုံတစ်ခုထက် သာလွန်လှပစေနိုင်တဲ့ ရိုက်ချက်တွေပါရှိလာမဲ့ OPPO Reno15 Series 5G ဟာ ခံနိုင်ရည်အားနဲ့ ပတ်သက်ပြီး ကြည့်မယ်ဆိုရင်လဲ ပိုမိုကောင်းမွန်လာတဲ့ OPPO Reno15 5G မှာဆိုရင် 6500 mAh ဘက်ထရီ၊ OPPO Reno15 F 5G မှာဆိုရင် 7000 mAh ဘက်ထရီတို့နဲ့အတူ 80W SUPERVOOC Flash Charge အားသွင်းစနစ် တို့ထည့်သွင်းလာတာကြောင့် သုံးစွဲသူတွေအနေနဲ့ မိမိရဲ့နေ့စဉ်ဘဝမှာ အခက်အခဲ အတားအဆီးမရှိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ColorOS 16 နဲ့အတူ ပါရှိလာတဲ့ အသစ်စက်စက် အဆင့်မြှင့်တင်ထားတဲ့ All-New Trinity Engine Power ကလဲ ပိုမိုချောမွေ့ပြီးနှောင့်နှေးမှု မရှိတဲ့ သုံးစွဲမှု အတွေ့အကြုံကို ပေးအပ်သွားမှာဖြစ်သလို 6-Year Fluency Protection Certificate ကြောင့် အချိန်အကြာကြီး အသုံးပြုဖို့ကိုလဲ စိုးရိမ်စရာ မရှိစေမဲ့ စမတ်ဖုန်းအဖြစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

ကြည်လင်တောက်ပတဲ့ မှော်ဆန်ဆန် အလင်းစွမ်းအားနဲ့အတူ ကခုန်နေဟန်ပေါ်တဲ့ ဒီဇိုင်း
ဒီဇိုင်းပိုင်းအရ လှပဆန်းသစ်မှုနဲ့ လူငယ်ဆန်ဆန် တောက်ပမှုကြောင့် နာမည်ကျော်ကြားခဲ့ပြီးသား OPPO Reno14 Series 5G ရဲ့ ဒီဇိုင်းပေါ်အခြေခံကာ ဒီတစ်ခေါက် OPPO Reno15 Series 5G ရဲ့ ဒီဇိုင်းကိုတော့ မိမိရဲ့လက်ထဲမှာ တကယ်ကို အသက်ဝင်နေတဲ့ပုံစံနဲ့အတူ ပိုမို ကွဲပြားလှပတဲ့ ဒီဇိုင်းအသွင်ကိုပေးစွမ်းနိုင်မဲ့ပုံစံ၊ တစ်နည်းအားဖြင့်ဆိုရရင် မှော်ဆန်တဲ့ ညအလှ Aurora အလင်းတန်းတွေပေါ် အိပ်မက်ဆန်ဆန် ကခုန်နေဟန်ကို အသွင်ယူကာ ဖန်တီးလာတာဖြစ်ပါတယ်။ Dynamic Stellar Ring ဒီဇိုင်း Camera ပုံစံကလဲ အနောက်ကျောဘက်မှာ ပါရှိလာတဲ့One-piece Sculpted Glass ကိုမှ အပေါ်ဘက်မှာ Soft Halo Effect နဲ့ တွဲစပ်ကာ ပြီးပြည့်စုံတဲ့ ဒီဇိုင်းအဖြစ် ပုံဖော်ထားတာကြောင့် OPPO Reno15 Series 5G ရဲ့ ဒီဇိုင်းအသွင်က ပိုမို အဆင့်မြင့်တဲ့ အသွင်အပြင်ကို ခံစားတွေ့ကြုံနိုင်မှာဖြစ်ပါတယ်။
OPPO Reno15 5G နဲ့ OPPO Reno15 F 5G တို့ရဲ့ သမမျှတတဲ့ ၆.၅၉ လက်မ နဲ့ ၆.၅၇ လက်မရှိပြီး 120Hz Refresh Rate ပါရှိလာတဲ့ မျက်နှာပြင်တို့က ဒီဇိုင်းရဲ့ ခေတ်မီဆန်းပြားနေတဲ့အသွင်နဲ့အတူ ထပ်တူကျလောက်အောင်ကို ခေတ်မီဆန်းပြားနေတာဖြစ်သလို IP66 ၊ IP68 ၊ IP69 Water and Dust Resistance တို့ ပါဝင်လာမှု ၊ ရေစိုလက်နဲ့ ထိရင်တောင် မျက်နှာပြင်ကို နှောင့်နှေးကြန့်ကြာခြင်း မရှိစေဘဲ ဆက်လက်အသုံးပြုနိုင်မဲ့ Splash Touch နည်းပညာကြောင့် Creator တွေအနေနဲ့လဲ မတူညီတဲ့ အမျိုးမျိုးသော ပြင်ပနေရာတွေမှာ သော်လည်းကောင်း၊ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေနဲ့ မတော်တဆ ထိခိုက်မှုတွေအတွက် စိတ်ပူစရာ မရှိလောက်အောင်ကို အဆင်ပြေနေစေမှာဖြစ်ပါတယ်။

မိမိရဲ့ ကိုယ်ပိုင်ကမ္ဘာ ၊ ကိုယ်ပိုင်ဘဝကို အရင်နဲ့မတူ ပိုမိုထူးခြားအောင်ပုံဖော်နိုင်စေမဲ့ OPPO Reno15 Series 5G
သုံးစွဲသူတွေရဲ့ ဘဝအခိုက်အတန့်တွေကို ပိုပြီး အဆင်ပြေချောမွေ့စေဖို့ ကူညီပေးနိုင်မဲ့ OPPO Reno15 Series 5G ဟာဆိုရင် ပိုမိုအဆင့်မြှင့်တင်လိုက်တဲ့ Imaging Hardware ၊ Intelligent Processing နဲ့အတူ AI Tools တွေ ပါဝင်လာတာကြောင့် Device တစ်ခုတည်းပေါ်မှာပဲ အလွယ်ကူဆုံးနဲ့ တိတိကျကျအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ခံအလင်းရောင် မလုံလောက်တဲ့ နေရာတွေနဲ့ အမှောင်ကျနေတဲ့နေရာတွေမှာ အမှတ်မထင် လျှပ်တစ်ပြက် Selfie ပုံတွေနဲ့ အရည်အသွေးကောင်းတဲ့ Portrait ပုံတွေကို ရိုက်ယူမယ်ဆိုရင်တောင် OPPO Reno15 Series 5G ကcreator တွေတိုင်းအတွက် ဘေးလူ အကူအညီမလိုဘဲ မိမိကိုယ်တိုင် အရည်အသွေးကောင်းတဲ့ အတွေးအကြံတွေ ၊ Content တွေ ဖန်တီးနိုင်အောင် ကူညီထောက်ပံ့ပေးမှာဖြစ်ပါတယ်။
OPPO Reno15 Series 5G ရဲ့ 100° Field of View နဲ့အတူ အသစ်ပါရှိလာတဲ့ 50MP Ultra Wide Selfie Camera က သူငယ်ချင်းမိတ်ဆွေ အဖွဲ့လိုက်တွေ သို့မဟုတ် ကျယ်ပြန့်တဲ့ Wide Landscape ပုံတွေအတွက် Selfie Stick မလိုသလို ပုံပျက်ပန်းပျက်ဖြစ်စေနိုင်တဲ့ ရှုထောင့်တွေကနေ ရိုက်စရာ မလိုတော့ဘဲ အလွယ်တကူ ဓာတ်ပုံ Frame ထဲ သက်သောင့်သက်သာနဲ့အတူ ရိုက်ကူးနိုင်စေမဲ့ ကင်မရာလုပ်ဆောင်ချက်တစ်ခုအဖြစ် ပါရှိလာမှာဖြစ်ပါတယ်။ ဒီ Ultra-wide ရှုထောင့်ဟာ ပိုပြီးခေတ်မီကာ ပိုပြီး ရှုလိုဖွယ်ဖြစ်စေမဲ့ ရုပ်ပုံရလဒ်တွေကို အသက်ဝင်ဝင် ဖန်တီးပေးနိုင်မှာ ဖြစ်သလို Vlogger တွေအနေနဲ့လဲ 50MP Ultra Wide Selfie ကင်မရာက ၎င်းတို့ရဲ့ တုံ့ပြန်မှုနဲ့ အခိုက်အတန့်တွေကို တစ်ချက်တည်းနဲ့ အပီအပြင် ဖမ်းယူထားနိုင်မှာဖြစ်လို့ ခရီးသွားမှတ်တမ်းရိုက်ကူးတဲ့အချိန်တွေနဲ့ နေ့စဉ်ဘဝတွေမှာ အလိုအပ်ဆုံးသော Smart Device အဖြစ် သတ်မှတ်လာစေနိုင်မှာဖြစ်ပါတယ်။
ဒါတင်သာမက OPPO Reno15 5G မှာပါရှိလာတဲ့ 50MP Telephoto Portrait ကင်မရာကလဲ Classic 85mm Portrait စံနှုန်း Focal Length ပါရှိတဲ့ Periscope Lens ကို အသုံးပြုလာတာကြောင့် သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့ ခန္ဓာကိုယ်တစ်ပိုင်းပါရှိပြီး နောက်ခံနေရာကို ခပ်ဝါးဝါးပုံစံနဲ့ သဘာဝအကျဆုံး ဖန်တီးပေးနိုင်မဲ့ Portrait ပုံတွေကို အလွယ်တကူ ပုံဖော်ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
OPPO Reno15 Series 5G မှာ ထပ်မံပါရှိလာတဲ့ AI Flash Photography 2.0 နည်းပညာက Dual Rear Flash တွေကို ပိုပြီး တောက်ပတဲ့ အလင်းစွမ်းအား ၊ ပိုမို နူးညံ့တဲ့ အသွင်ပုံစံနဲ့ ဖန်တီးလာတဲ့အပြင် အရှေ့ဘက်ကင်မရာမှာဆိုရင်လဲ Front Screen Flash လုပ်ဆောင်ချက် အသစ်ပါရှိလာတာကြောင့် အလင်းအား မလုံလောက်တဲ့ နေရာအခြေအနေတွေမှာတောင် အလှဆုံးနဲ့ အတောက်ပဆုံး Selfie ပုံရိပ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။
ဒီလို အခြေခံအားဖြင့် ပါရှိလာတဲ့ Hardware တိုးမြှင့်မှုကိုတော့ Intelligent Image Processing လို့ အမည်တပ်ထားပြီး အသစ်ထပ်မံပါရှိလာတဲ့Reno Portrait Engine နဲ့ Skin Tone Improvement Algorithm တို့ရဲ့ ဟန်ချက်ညီညီဖန်တီး ကြံဆနိုင်စွမ်းကြောင့် Skin Texture တွေကိုပါ သဘာဝအကျဆုံးနဲ့ ဓာတ်ပုံ ရလဒ်တွေကို အကောင်းဆုံး အရည်အသွေးရရှိအောင် ဖန်တီးပေးမှာဖြစ်ပါတယ်။
OPPO Reno15 Series 5G အနေနဲ့ ပုံရိပ်ပြုပြင်ဖန်တီးခြင်းနဲ့ ပတ်သက်လို့ ပိုမိုအဆင့်မြှင့်တင်လာနိုင်ပြီဖြစ်ပြီး AI Portrait Glow လုပ်ဆောင်ချက်မှာဆိုရင် အလင်းရောင် လုံလုံလောက်လောက် မရရှိတဲ့ အချိန်နေရာတွေမှာ ရိုက်ထားတဲ့ ပုံတွေကို ပြန်လည်ပြုပြင်ကောင်းမွန်စေနိုင်မဲ့ Digital Lighting Assistant ထားရှိထားသလို ခံစားရစေမှာဖြစ်ပြီး ရိုက်ယူထားတဲ့ ပုံရိပ်တွေကို အကောင်းဆုံး အလင်းရောင်အနေအထားရရှိအောင်၊ ပိုမို လှပနုပျိူအောင် သဘာဝကျကျ ပြန်လည်ဖန်တီး ပြုပြင်ပေးနိုင်မဲ့ လုပ်ဆောင်ချက်တစ်ခုအဖြစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။
အသစ်ပါရှိလာတဲ့ Popout လုပ်ဆောင်ချက်နဲ့ဆိုရင် မိမိရဲ့ အမှတ်တရ အခိုက်အတန့်တွေကို ဖုန်းမျက်နှာပြင်ပေါ်က ခုန်ထွက်လာတော့မဲ့ အနေအထား ပုံစံနဲ့ ကြွကြွရွရွ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒီ ခေတ်မီဆန်းပြားလှတဲ့ လုပ်ဆောင်ချက်ဟာ ပုံပေါင်းများစွာကို တစ်ပုံတည်းအဖြစ် ပြန်လည်ပြုပြင်ဖန်တီးနိုင်ပြီး မိမိပြုပြင်လိုတဲ့ ပုံကို အပြင်ဘက်ကြွထွက်နေသဟန်ဖြစ်အောင် ဖန်တီးနိုင်မှာဖြစ်ပါတယ်။ AI Motion Photo Popout ကို အသုံးပြုပြီး Animated Portrait များ၊ အိမ်မွေးတိရစ္ဆာန်များ ပါဝင်တဲ့ Interactive Collage များကို ဖန်တီးနိုင်သလို မတူညီတဲ့ အချိန်ကာလနဲ့ အခြေအနေတွေက အမှတ်တရများကို ပေါင်းစပ်ထားတဲ့ “Cross-time” Story များကိုလဲ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Motion Photo Editing ကို နောက်တစ်ဆင့် မြှင့်တင်ပေးနိုင်ဖို့အတွက် AI Motion Photo Slow-Mo က AI frame interpolation နည်းပညာကို အသုံးပြုပြီး ပုံမှန် Motion Photo များကို ရုပ်ရှင်တစ်ခုလို ချောမွေ့တဲ့ Cinematic Slow-motion Sequence တွေအဖြစ် ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။

သုံးစွဲသူတွေအတွက် တစ်မျိုးတည်းနဲ့ မျိုးစုံ အသုံးပြုနိုင်မဲ့ All-in-One Vlog Master
OPPO Reno15 Series 5G ကို Content Creator များအတွက် ပြီးပြည့်စုံတဲ့ Video Toolkit တစ်ခုလုံးအဖြစ် ဒီဇိုင်းဆွဲ ဖန်တီးထားပြီး ဗီဒီယို ရိုက်ကူးမှုလုပ်ငန်းစဉ်အစအဆုံးကို ပိုမိုလွယ်ကူစေနိုင်မှာဖြစ်သလို ပိုမိုရှင်းလင်းတည်ငြိမ်တဲ့ ပုံရိပ်တွေနဲ့ ကိုယ်ပိုင်အကြောင်းအရာတွေကို ထိထိရောက်ရောက် ဖော်ပြနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။
Video Toolkit ရဲ့ အဓိကအသက်အဖြစ် ပါရှိလာတာကတော့ 4K HDR Ultra-Steady Video ဖြစ်ပါတယ်။ ဒီ Feature က သဘာဝနဲ့ အလွန်နီးစပ်တဲ့ အရောင်တွေ၊ ကျယ်ပြန့်တဲ့ Dynamic Range ကို ပေးစွမ်းနိုင်သလို ခရီးသွားနေချိန်တွေ၊ နေ့စဉ်ဘဝအခိုက်အတန့်တွေရဲ့ လှုပ်ရှားရိုက်ကူးနေချိန်မှာတောင် Advanced Stabilization နည်းပညာကြောင့် Video Footage ကို ချောမွေ့တည်ငြိမ်စွာ ဖမ်းယူနိုင်စေမှာဖြစ်ပါတယ်။
OPPO Reno15 Series 5G က ပရော်ဖက်ရှင်နယ်အဆင့် Video Tools များကိုလဲ သုံးစွဲသူတွေလက်ထဲ အသင့်ဆိုသလို ထည့်လာပေးမှာဖြစ်ပါတယ်။ Dual-View Video Feature က အရှေ့ဘက်နဲ့ အနောက်ဘက် ကင်မရာ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ဖွင့်အသုံးပြုနိုင်စေပြီး Vloggers တွေအတွက် မိမိရဲ့ တကယ်အသုံးဝင်တဲ့ အခိုက်အတန့်တွေကို ဖမ်းယူရင်း အရှေ့ဘက်မှာ ဖြစ်ပျက်နေတဲ့ အခိုက်အတန့်တွေကိုပါ တစ်ချိန်တည်း မှတ်တမ်းတင်နိုင်မှာဖြစ်ပါတယ်။
အခြားတစ်ဖက်မှာတော့ Seamless Camera Switch Feature က ရိုက်ကူးနေစဉ်အတွင်း အရှေ့ဘက်နဲ့ အနောက်ဘက် ကင်မရာကြားကို ချက်ချင်း နှောင့်နှေးမှုမရှိ ပြောင်းလဲနိုင်စေပြီး ဖြတ်တောက်စရာမလိုဘဲ Dynamic ဖြစ်တဲ့ “One-take” Video များကို လွယ်ကူစွာ ဖန်တီးစေနိုင်မှာဖြစ်ပါတယ်။ Video Editing 2.0 အသစ်ကလဲ Photos App အတွင်းမှာပဲ Video တွေကို ပိုမိုမြန်ဆန်ပြီး အလိုလိုနားလည်လွယ်ကူစွာ ပြင်ဆင်နိုင်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။
ဒီလို အသုံးပြုရ လွယ်ကူတဲ့ video feature တွေကို 50MP Ultra Wide Selfie Camera နဲ့ High-megapixel Sensor တွေနဲ့ ပေါင်းစပ်ဖန်တီးထားမှာဖြစ်တဲ့အတွက် OPPO Reno15 Series 5G ဟာ Short-form Video တွေ အလျင်အမြန် ထုတ်လုပ်ဖန်တီးနေရတဲ့ ယနေ့ခေတ် Content Creation လောကနဲ့ Creators များအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုအဖြစ် ထင်ရှားစေမှာဖြစ်ပါတယ်။

ချောမွေ့မှုနှင့် ကြာရှည်ခံနိုင်မှုအတွက် အထူးဒီဇိုင်းထုတ်လုပ်ထားတဲ့ OPPO Reno15 Series 5G
OPPO Reno15 Series 5G ဟာ နေ့စဉ်အသုံးပြုမှုတွေနဲ့ ဂိမ်းကစားခြင်းတို့ကို အလွယ်တကူ ကိုင်တွယ်နိုင်တဲ့အထိ အားကောင်းတဲ့ စွမ်းဆောင်ရည် Performance ကို ပေးစွမ်းနိုင်သလို ကြာရှည်ယုံကြည်စိတ်ချရမှုနှင့် ပိုမိုကောင်းမွန်လာတဲ့ Connectivity ကိုပါ ပံ့ပိုးပေးထားပါတယ်။
နောက်ဆုံးပေါ် ColorOS 16 နဲ့အတူ Animation များကို ချောမွေ့လှပစေအောင် ဖန်တီးပေးတဲ့ All-New Luminous Rendering Engine ကို ထည့်သွင်းထားသလို All-New Trinity Engine က Chipset Performance နဲ့ Power Allocation ကို ပိုမိုကောင်းမွန်အောင် Optimize လုပ်ပေးခြင်းကြောင့် အမြဲတမ်း ချောမွေ့တည်ငြိမ်တဲ့ အသုံးပြုမှုကို အာမခံနိုင်မှာဖြစ်ပါတယ်။
ဒါအပြင် OPPO Reno15 Series 5G က Ecosystem များကြားက ကွာဟမှုကိုပါ ချိတ်ဆက်ပေးနိုင်ပါတယ်။ O+ Connect ကို အသုံးပြုပြီး OPPO နှင့် iOS / iPadOS device များအကြား ဖိုင်များကို မြန်ဆန်စွာ ပို့ပြောင်းနိုင်သလို macOS နှင့် Windows နှစ်မျိုးလုံးအတွက် Screen Mirroring နှင့် Remote PC Control ကိုပါ လွယ်ကူစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီအရာအားလုံးကြောင့် OPPO Reno15 Series 5G ဟာ ချိတ်ဆက်ထားတဲ့ Digital Workflow တစ်ခုလုံးရဲ့ အချက်အချာဗဟိုအဖြစ် ထင်ရှားစေပါတယ်။

မိမိရဲ့ ကိုယ်ပိုင် လုပ်ဆောင်ချက်တွေအတွက် Customized ဖန်တီးနိုင်မဲ့ Intelligent AI
OPPO Reno15 Series 5G က သုံးစွဲသူတွေရဲ့ ဖန်တီးမှုခရီးစဉ်တစ်လျှောက်လုံးကို ထောက်ပံ့ပေးနိုင်ရန်အတွက် ဒီဇိုင်းဆွဲထားတဲ့ AI feature တွေကို အစုလိုက်အပြုံလိုက် မိတ်ဆက်ပေးထားပါတယ်။ အတွေးအခေါ်တွေကို ပုံဖော်ခြင်းမှ စတင်ပြီး မိမိရဲ့ ဖန်တီးမှုတွေကို စုစည်းသိမ်းဆည်းခြင်း၊ နေ့စဉ် Productivity အလုပ်တွေကို ကိုင်တွယ်ခြင်းအထိ အပြည့်အဝ ကူညီပေးနိုင်မှာဖြစ်ပါတယ်။
AI Mind Space က အသုံးပြုသူတွေရဲ့ အချက်အလက်စီမံခန့်ခွဲပုံကို ပြောင်းလဲပေးပါတယ်။ လက်ချောင်း သုံးချောင်းဖြင့် Swipe လုပ်ရုံနဲ့ ဖွင့်ကာအသုံးပြုနိုင်ပြီး App များအကြားမှ အကြောင်းအရာတွေကို ချက်ချင်း ဖမ်းယူပြီး စနစ်တကျ စုစည်းသိမ်းဆည်းနိုင်တဲ့ Smart Hub တစ်ခုအဖြစ် လုပ်ဆောင်ပေးကာ အတွေးအခေါ်အားလုံးကို တစ်နေရာတည်းမှာ လွယ်ကူစွာ ဝင်ရောက်ကြည့်ရှုစေနိုင်မှာဖြစ်ပါတယ်။
ဒါအပြင် OPPO Reno15 Series 5G မှာ လုပ်ငန်းစဉ်တွေကို ပိုမိုလွယ်ကူစေဖို့ AI Translate, AI Recording, AI Call Assistant, AI VoiceScribe စတဲ့ AI tool များပါဝင်တဲ့ အပြည့်အစုံ AI Toolkit ကို ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ အရေးပါတဲ့ AI feature အားလုံးကို OPPO Private Computing Cloud က ထောက်ပံ့ပေးထားပြီး အသုံးပြုသူတွေရဲ့ ဒေတာလုံခြုံရေးကို တင်းကြပ်စွာ ကာကွယ်ပေးထားသလို ကိုယ်ပိုင်လိုအပ်ချက်များအလိုက် လုံခြုံစိတ်ချစွာ ကိုက်ညီအောင် ပြောင်းလဲအသုံးပြုနိုင်တဲ့ Personalized AI အကူအညီကိုလည်း ပေးစွမ်းနိုင်ဦးမှာဖြစ်ပါတယ်။
OPPO Reno15 5G ကို ၂,၄၉၉,၉၀၀ ကျပ်ဖြင့် မိတ်ဆက်လာပြီး (၁၇.၁.၂၀၂၆) မှ (၂၈.၂.၂၀၂၆) အထိ ဝယ်ယူသူတိုင်းကို ၆၆၀,၀၀၀ ကျပ် တန်ဖိုးရှိ 180 Days Screen Warranty ၊ Smart Watch နဲ့ ATOM Package တို့ကို လက်ဆောင်အဖြစ် ပေးအပ်သွားမှာဖြစ်ပြီး OPPO Reno15 F 5G ကို ၁,၆၉၉,၉၀၀ ကျပ် ဖြင့် မိတ်ဆက်လာကာ (၁၇.၁.၂၀၂၆) မှ (၂၈.၂.၂၀၂၆) အထိ ဝယ်ယူသူတိုင်းကို ၅၀၀,၀၀၀ ကျပ် တန်ဖိုးရှိ 180 Days Screen Warranty ၊ Smart Watch နဲ့ ATOM Package တို့ကို လက်ဆောင်အဖြစ် ပေးအပ်သွားမှာဖြစ်ပါတယ်။
လူငယ်ဆန်ပြီး ခေတ်မီတဲ့ 0.6x Ultra Wide Angle Lens နဲ့ 50MP Ultra Wide Selfie Camera ပါရှိပြီး နောက်ဆုံးပေါ် ColorOS 16 ပါရှိလာတဲ့OPPO Reno15 Series 5G နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက OPPO Myanmar Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။
#OPPOReno15Series5G #ColorOS16 #OPPOMyanmar
NZ (ရိုးရာလေး)

