realme C55 နှင့် 10Pro+ စမတ်ဖုန်းများကို ကံစမ်းခွင့်ရမည့် MPT ၏ “အလန်းစား Friday” ဒီဂျစ်တယ်ကံစမ်းမဲအစီအစဉ်

24.4.2023-yyl-iamge-15.jpg

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများအတွက် realme C55 နှင့် 10Pro+ စမတ်ဖုန်းများကို ကံစမ်းခွင့်ရမည့် “အလန်းစား Friday” ဒီဂျစ်တယ်ကံစမ်းမဲအစီအစဉ်ကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ကံစမ်းမဲကာလမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၁) ရက်မှ မေလ (၅) ရက်အထိဖြစ်ပြီး ကံထူးရှင် (၁၀) ဦးကို ရွေးချယ်သွားမည်ဖြစ်သည်။ MPT မှ ၂၀၂၃ ခုနှစ်၊ မတ်လတွင် “အလန်းစား Friday” ဒီဂျစ်တယ် ကံစမ်းမဲအစီအစဉ်ကို မိတ်ဆက်ခဲ့ပြီး အဆိုပါအစီအစဉ်မှ “realme 10” ဖုန်းဟန်းဆက် (၁၀)လုံး အတွက် ကံထူးရှင် (၁၀) ဦး ထွက်ပေါ်လာခဲ့ပြီး ဖြစ်သည်။

MPT သုံးစွဲသူများအားလုံး ယခုကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်ပြီး သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းတွင် (၉၇၉) ကျပ်နှင့်အထက် “အလန်းစား Friday” ပက်ကေ့ချ်များကို သောကြာနေ့တိုင်း သို့မဟုတ် ပရိုမိုးရှင်းကာလအတွင်း မိမိနှစ်သက်ရာ သောကြာနေ့ (ဧပြီလ (၂၁)ရက်၊(၂၈)ရက် နှင့် မေလ (၅) ရက်) တွင် ဝယ်ယူပြီး ထိပေါက် ကစားခြင်းဖြင့် realme C55 နှင့် 10Pro+ တို့ကို ချက်ချင်း ကံထူးနိုင်မည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် ကံစမ်းမဲအစီအစဉ်များရှိသော မည်သည့်သောကြာနေ့တွင်မဆို အလန်းစား Friday ပက်ကေ့ချ်များကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူကံစမ်းနိုင်ပြီး ဆုအရေအတွက် မကုန်မချင်း ကံထူးနိုင်မည်ဖြစ်သည်။ စည်းကမ်းသတ်မှတ်ချက်များကို https://mpt.com.mm/mm/a-lann-sar-friday-promotion-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
သက်ဆိုင်ရာ အပတ်စဉ်အလိုက် ကံထူးရှင်များကို MPT Facebook စာမျက်နှာ၊ ဝက်ဘ်ဆိုက်၊ Viber နှင့် Telegram တို့မှတစ်ဆင့် ကြေညာပေးမည်ဖြစ်ပါသည်။

MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် “အလန်းစား Friday” ပက်ကေ့ချ်များအတွက် Data Carry Plus – (အလိုအလျောက်သက်တမ်းတိုး) ပက်ကေ့ချ်များ နှင့် ပုံမှန် Data Carry Plus ပက်ကေ့ချ်များ ကို ဝယ်ယူသုံးစွဲသူများသည် အဆိုပါကံထူးဆုများအပြင် 200 GB အထိ ရရှိ ကံထူးနိုင်မည့် ထိပေါက်ကစားခွင့်လည်း ရရှိမည်ဖြစ်သည်၊၊

MPT သုံးစွဲသူများသည် သောကြာနေ့တိုင်း “အလန်းစား Friday” ပက်ကေ့ချ်ကို အကြိမ်များစွာ ဝယ်ယူနိုင်ပြီး များများဝယ်ယူလေလေ၊ ဆုလက်ဆောင်များကံထူးရန် အခွင့်အရေး ပိုမိုများပြားလေ ဖြစ်သည်၊၊

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top