၂၀၁၉ မော်ဒယ် GS 5 နဲ့ GS 6 ကားတွေကို စတင်မိတ်ဆက်

event_collage.jpg

LS Automotive Group(GAC Motor Myanmar)ကနေ အသစ်ထပ်မံတင်သွင်း ဖန်တီးထားတဲ့ ၂၀၁၉ မော်ဒယ် All New GS 5 Model နဲ့ All New GM 6 Model ကားတွေကို စက်တင်ဘာ ၆ ရက်၊ ညပိုင်းက ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ မြန်မာပလာဇာမှာ စတင်မိတ်ဆက်လိုက်ပါတယ်။
Here & Now Dancer အဖွဲ့၊ အဆိုတော် ဝိုင်းလေး၊ ဆိုဖီယာနဲ့ Miss Universe Top 5 ငါးယောက်တို့ရဲ့ အကအလှအဆိုတွေနဲ့အတူ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

အခုလိုမိတ်ဆက်လိုက်တဲ့ ကားအသစ်(၂)မျိုးဟာ Sporty SUV ဖြစ်ပြီး ခရီးသည် ၅ ယောက်စီး ပုံစံဖြစ်တဲ့အပြင် (1.5 T Engine), (150 hp) အင်ဂျင်စနစ်၊ လုံခြုံမှုအဆင့်မြင့်မားတဲ့ High-Strength Steel ကား ကိုယ်တည်ဖန်တီးမှုနဲ့ထုတ်လုပ်ထားတဲ့ Model ဖြစ်ပါတယ်။

”အင်ဂျင်က နောက်ဆုံးပေါ်နည်းပညာနဲ့ ထုတ်ထားတဲ့အတွက် မြင်းကောင်ရေနဲ့ တွန်းအားများတယ်၊ ဆီစားသက်သာမယ်၊ ဆွဲအား၊ ရုန်းအားအတွက်လည်း စိတ်ပူစရာမလိုဘူး၊ ဆီအမျိုးအစားက ဓာတ်ဆီပါ”လို့ GAC Motor ရဲ့ Marketing မန်နေဂျာ မဖြိုးအင်ကြင်းဇော်က ပြောပါတယ်။

All New GS 5 ဟာ ကမ္ဘာကျော်(C-NCAP)ရဲ့ (5 Star Safety Award)ဆွတ်ခူးရရှိထားတဲ့ Model ဖြစ်ပြီး All New GS 5 နဲ့ All New GS 6 ကို Preorder စနစ်နဲ့ စတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ GS 5 ကို အမေရိကန်ဒေါ်လာ ၄၂၈၈၈ ဖြစ်ပြီး GS 6 ကို အမေရိကန်ဒေါ်လာ ၃၉၈၈၈ နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

GAC Motor ကို LS Automotive Group ကနေ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက ရန်ကုန်မြို့၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်မှာ GAC Showroom နဲ့ Service Center ကို ဖွင့်လှစ်ပြီး GAC ကားတွေကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်၊ ဇွန်လမှာတော့ မန္တလေးမြို့၊ ငုရွှေဝါလမ်းမကြီး၊ ချမ်းမြသာစည်မြို့နယ်မှာ ဒုတိယမြောက် GAC Showroom နဲ့ Service Center ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ပြီး GAC ကားတွေကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top