အရုပ်ကလေး ကိုက်ချီပြီး လမ်းပေါ်လျှောက်သွားနေတဲ့ ခွေးမလေးရဲ့ဖြစ်ရပ်

fem.jpg

အရုပ်လေး တစ်ရုပ် ကိုက်ချီပြီး လမ်းပေါ် လျှောက်သွားနေတဲ့ ခွေးလေးတစ်ကောင်ကို ရက်တွေ ကြာလာတော့ ဒက်ထရွိုက်မြို့ ဒေသခံတွေက သတိထားမိလာကြတယ်။ ဂျာမန်သိုးထိန်းခွေးမလေးက ဘယ်သူ့ကိုမှ ရန်မမူပေမဲ့ သူ့ပုံစံက စိတ်ထိခိုက်နေပုံပဲ။ သူ့ရဲ့ထူးခြားချက်ကတော့ သူ့ချီထားတဲ့ အရုပ်လေးကို လုံးဝအပျောက်မခံတာပါပဲ။

ကယ်ဆယ်ရေးသမားတွေက ဒီခွေးလေးအကြောင်း စုံစမ်းကြည့်လိုက်တော့ ခွေးမလေးနာမည်က နစ်ကီ။ သူ့သခင် သေဆုံးသွားချိန်မှာ တစ်ကောင်တည်း ကျန်နေခဲ့တဲ့ နစ်ကီဟာ သူ အကြိုက်ဆုံး အရုပ်လေးကို သူ့အဖော်လို သဘောထားပြီး သူ ရင်းနှီးတဲ့ လမ်းတွေပေါ် လျှောက်သွားနေတာ ဖြစ်ပါတယ်။

နစ်ကီရဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ် ပျံနှံ့သွားခဲ့ပြီးနောက်မှာတော့ တိရစ္ဆာန် ကယ်ဆယ်ရေးအဖွဲ့အများအပြားက နစ်ကီကို ဘေးကင်းလုံခြုံရာနေရာ ပို့ဆောင်ပေးနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ သူ သွားတဲ့ လမ်းကြောင်းကို ခြေရာခံ စောင့်ကြည့်ကာ သူ့ ယုံကြည်မှုယူပြီး နစ်ကီကို ဖမ်းခဲ့ကြတာပါ။

ဒီဖြစ်ရပ်ဟာ ၂၀၂၃ ခုနှစ် မေလက ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုအခါမှာတော့ နစ်ကီဟာ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာမှာ ခိုလှုံခွင့် ရရှိနေပါပပြီ။

Ref: A grieving Detroit dog named Nikki was dumped on the streets after her owner died

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top