ထောပတ်သီးခိုးမှုကြောင့် ဒဏ်ငွေ ၃သောင်းဆောင်ခဲ့ရသူ ၃ ဦး

avocado-theft.jpg

ကားလိုစ် ချေ့ဗက်ဇ် (Carlos Chavez)၊ ရာဟင်း လီဘလန်ဇ် (Rahim Leblanc)၊ ဂျိုဇက် ဗေလန်ဇွဲလား (Joseph Valenzuela) တို့ သူငယ်ချင်း ၃ ယောက်ဟာ သူတို့ အလုပ် လုပ်ကိုင်နေတဲ့ စိုက်ပျိုးရေးခြံက ဒေါ်လာ ၃ သိန်းတန်ဖိုးရှိ ထောပတ်သီးများ ခိုးယူခဲ့တာကြောင့် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အဖမ်းခံခဲ့ရပြီး ဒဏ်ငွေ ဒေါ်လာ ၃ သောင်း (မြန်မာငွေ သိန်း ၄၀၀ ခန့်) ပေးလျော်စေဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း ထောပတ်သီး ဈေးနှုန်းဟာ ကမ္ဘာတစ်ဝှမ်း စံချိန်တင် မြင့်တက်ခဲ့ပြီး ဒီလို စံချိန်တင်ဈေးမြင့်တက်ခဲ့တာကြောင့်လည်း ခြံအလုပ်သားမားဖြစ်တဲ့ သူတို့ ၃ဦးဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းရှိ Oxnard မြို့က စိုက်ပျိုးရေးခြံကနေ ထောပတ်သီးကို ခိုးယူခဲ့ကြတာဖြစ်တယ်လို့ ရဲများက ယူဆကြပါတယ်။

ဒီမြို့ရဲ့ ရဲအရာရှိဖြစ်သူကတော့ ဒီလူ ၃ယောက်ဟာ ကမ္ဘာအကြီးဆုံး ထောပတ်သီး စိုက်ပျိုးရေးခြံ တစ်ခြံဖြစ်တဲ့ Mission Produce စိုက်ပျိုးရေးခြံမှ ထောပတ်သီးများကို ခိုးယူခဲ့တာ ဖြစ်တယ်လို့ပြောဆိုခဲ့ပြီး သူတို့ ခိုးယူခဲ့တဲ့ ထောပတ်သီးများကို လအတန်ကြာ ရောင်းချနေခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Mission Produce စိုက်ပျိုးရေးခြံ  ဥက္ကဋ္ဌဖြစ်သူ စတိဗ် ဘန်းနက်ကတော့ စိုက်ပျိုးရေးခြံဟာ ပုံမှန်အားဖြင့် ထောပတ်သီးပုံး တစ်ပုံးကို ဒေါ်လာ ၅၀ နဲ့ ရောင်းချလေ့ရှိပေမဲ့ ဒီ ခိုးယူခဲ့တဲ့ အလုပ်သမား ၃ ယောက်ကတော့ တစ်ဝက်ဈေးနဲ့ ရောင်းချနေခဲ့တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref : (BBC) News ;Trio charged with $300,000 avocado theft

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top