ဘုရင်မကြီးသေဆုံးပြီးနောက် ဝီလျံမင်းသား ဘာတွေအမွေဆက်ခံခဲ့လဲ

9-21-2022-yyl-41.jpg

ဗြိတိန်ရဲ့နန်းသက်အရှည်ဆုံးဘုရင်မကြီး အဲလစ်ဇဘက် (၂) ရဲ့သေဆုံးမှုက ဗြိတိန်ဘုရင်စနစ်မှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ တတိယမြောက်ချားလ်မင်းသားက ဗြိတိန်နဲ့ ဓနသဟာယဘုံအဖွဲ့ဝင်နိုင်ငံတွေရဲ့ဘုရင်ဖြစ်လာခဲ့တဲ့အပြင် သူ့ရဲ့အကြီးဆုံးသားက သူရဲ့တော်ဝင်ဘွဲ့ဖြစ်တဲ့ Duke of Cornwall အပြင် ဝေလမင်းသားဘွဲ့အမည်ကိုလည်း ရရှိခဲ့ပါတယ်။ သူ့ကြင်ယာတော်ကိုလည်း ဝေလမင်းသမီးဘွဲ့နာမည်ပေးအပ်ခဲ့ပါတယ်။

ဝီလျံမင်းသားက သူ့ရဲ့ဘွဲ့နာမည်အသစ်ကြောင့် အခုဆိုရင် ကြီးမားလှတဲ့အိမ်ခြံမြေနဲ့ ပိုင်ဆိုင်မှုအစုစုကို အမွေဆက်ခံနေပြီဖြစ်ပါတယ်။ အနာဂတ်ဘုရင်ဖြစ်တဲ့ ဝေလမင်းသား ဝီလျံက သူ့ဖခင်ဖြစ်သူ တတိယမြောက်ချားလ်ဘုရင်ဆီကနေ မြို့စားပိုင်နက် The Duchy of Cornwall ကို အမွေဆက်ခံခဲ့ပါတယ်။ ၁၃၃၇ ခုနှစ်မှာ တတိယမြောက် အက်ဒ်ဝက်ဘုရင် တည်ဆောက်ခဲ့တဲ့ ဒီအိမ်ခြံမြေက ဒေါ်လာ ၁.၂ ဘီလျံကျော် တန်ဖိုးရှိပါတယ်။ The Duchy of Cornwall ဟာ အင်္ဂလန်အနောက်တောင်ပိုင်းက ဧက ၁၄၀၀၀၀ နီးပါးအပါအဝင် အိမ်ရာမြေကွက်တွေကို လွှမ်းခြုံထားပါတယ်။ ပြီးခဲ့တဲ့နှစ်က ချားလ်ဘုရင်က The Duchy of Cornwall ကနေ ဒေါ်လာ ၂၅ သန်းကျော် ရရှိခဲ့ပါတယ်။

ဝေလမင်းသား ဝီလျံက ခမ်းနားတဲ့တည်းခိုခန်းများစွာကိုလည်း အမွေဆက်ခံခဲ့ပါတယ်။ ဒါ့အပြင် ရိုမေးနီးယားက Zalan Valley ရဲ့ မြက်ခင်းပြင်နဲ့ တောင်ကုန်းတွေကြားမှာ ရှိတဲ့ The Prince of Wales’ Guesthouses ကိုလည်း ပိုင်ဆိုင်ပါတယ်။ အဲဒီမှာ မြင်းစီးခြင်းနဲ့ Carpathian တောင်ခြေက ဒေသတွင်းလက်မှုပညာစတူဒီယိုတွေ အလည်သွားရောက်တာတွေ ပါဝင်ပြီး the Prince of Wales’ Charitable Fund (အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း) က စီမံခန့်ခွဲတယ်လို့ New York Post က ဖော်ပြထားပါတယ်။

ဒီအဖွဲ့အစည်းက သံလွင်ဆီ၊ ကွတ်ကီးနဲ့ စတော်ဘယ်ရီယိုလို ထုတ်ကုန်တွေကို ရောင်းချတဲ့ ဗြိတိန်ရဲ့အကြီးဆုံးအော်ဂဲနစ်အစားအစာအမှတ်တံဆိပ်ဖြစ်တဲ့ Duchy Organic ကိုလည်း စီမံခန့်ခွဲပါတယ်။ ဝေလမင်းသားဝီလျံဟာ ၁၉၈၅ ခုနှစ်မှာ ဆောက်လုပ်ထားတဲ့ အော်ဂဲနစ်ခြံရှိတဲ့ Highgrove House က သူ့ဖခင်ရဲ့အိမ်ခြံမြေကိုလည်း ရမှာဖြစ်ပါတယ်။

Ref: From Plush Estates To Guesthouses, Here’s Everything Prince William Has Inherited After Queen’s Death

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top