အီတလီ – ဆွစ်ဇာလန် နယ်စပ်အနီး အီတလီနှင်းဖုံးတောင်တန်းထိပ်မှာ တည်ဆောက်ထားတဲ့ မာဂီရီတာသစ်သားအိမ်ဟာ ဥရောပရဲ့အမြင့်ဆုံး တောင်ပေါ်အဆောက်အအုံအဖြစ် မှတ်တမ်းဝင်နေပါတယ်။

၁၈၉၃ ခုနှစ်က နန်းတက်ခဲ့တဲ့ အီတလီဘုရင်မ မာဂီရီတာရဲ့အမည်ကို အစွဲပြုထားတဲ့ ဒီသစ်သားအိမ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၄၉၄၁ ပေမှာ တည်ရှိပါတယ်။ မာဂီရီတာသစ်သားအိမ်ကို နွေရာသီကာလဖြစ်တဲ့ ဇွန်လအစောပိုင်းကနေ စက်တင်ဘာလအစောပိုင်းအထိ ဖွင့်လှစ်လေ့ရှိပြီး လူ ၇၀ အထိ အိပ်စက်တည်းခိုနိုင်ပါတယ်။

နှင်းဖုံးတောင်တန်းပေါ်မှာ ရဟတ်ယာဉ် ရပ်နားစရာ နေရာမရှိတာကြောင့် မာဂီရီတာသစ်သားအိမ်ကို ခြေလျင်တောင်တက်ခရီးမှ လွဲပြီး အခြားနည်းလမ်းနဲ့ လာနိုင်မှာ မဟုတ်ပါဘူး။ အဲဒီတောင်တက်ခရီးဟာ ၂ ရက် ကြာမြင့်ပြီး နှင်းဖုံးတောင်တန်းတွေအကြောင်း ကောင်းကောင်းသိသူတွေသာ ဒီခရီးကို တက်ရောက်နိုင်မယ်လို့ ဆိုပါတယ်။
Ref : This Remote Mountain Cabin Is Europe’s Highest Building
NZ (ရိုးရာလေး)

