၅ ဒေါ်လာနဲ့ တိရစ္ဆာန်မစင်ကို ရည်းစားဟောင်းရဲ့နာမည်ပေးလို့ရတဲ့ ချစ်သူများနေ့အစီအစဉ်

Dollarfordung.png

ရည်းစားဟောင်းတွေအပေါ် မကျေနပ်တဲ့သူတွေအတွက် အမေရိကန်နိုင်ငံ၊ မေရီလန်းတိရစ္ဆာန်ရုံက ချစ်သူများနေ့အစီအစဉ်အနေနဲ့ စီစဉ်ပေးထားပါတယ်။ “Dollars for Dung” လို့ အမည်ရတဲ့ ရန်ပုံငွေရှာဖွေမှုကို ပြီးခဲ့တဲ့လက ကြေညာခဲ့တာပါ။ ပါဝင်ချင်သူတွေက ၅ ဒေါ်လာလှူဒါန်းပြီးတော့ တိရစ္ဆာန်တွေရဲ့မစင်ကို သူတို့ရဲ့ရည်းစားဟောင်းနာမည်တွေပေးလို့ရပါတယ်။ တိရစ္ဆာန်ရုံက အလှူရှင်တွေဆီ PDF ဖိုင်နဲ့ အသိအမှတ်ပြုလက်မှတ်ပေးပို့မှာဖြစ်ပါတယ်။ အလှူငွေတွေကို မေရီလန်းတိရစ္ဆာန်ရုံနဲ့ ကမ္ဘာတစ်ဝှမ်းက တောရိုင်းတိရစ္ဆာန်နေထိုင်ရာနေရာတွေမှာ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းအဖြစ် အသုံးပြုသွားမှာဖြစ်ပါတယ်။ မေရီလန်းတိရစ္ဆာန်ရုံမှာ တိရစ္ဆာန် ၁၀၀၀ ကျော်ရှိပါတယ်။

“Dollar for Dung က ဒီချစ်သူများနေ့မှာ အသည်းကွဲခြင်းကို ရယ်စရာအဖြစ် ပြောင်းလဲဖို့ အကောင်းဆုံးနည်းပါပဲ။ ၅ ဒေါ်လာတည်းနဲ့ တိရစ္ဆာန်တွေရဲ့မစင်ကို ရည်းစားဟောင်းနာမည်ပေးလို့ရပါတယ်။ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးကို ပံ့ပိုးကူညီရင်းနဲ့ ရည်းစားဟောင်းကို ဆဲဆိုဖို့ အကောင်းဆုံးနည်းပါပဲ”လို့ တိရစ္ဆာန်ရုံက အင်စတာဂရမ်ပို့စ်မှာ ပြောထားပါတယ်။

အခုနှစ်က Dollars for Dung ရန်ပုံငွေရှာဖွေရေးပွဲကို ကျင်းပတဲ့ ဒုတိယမြောက် ချစ်သူများနေ့ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းက အလှူငွေ ဒေါ်လာ ၁၀၀၀၀ နီးပါးရရှိခဲ့ပါတယ်။ လှူဒါန်းမှုကို ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၃၀ ကျော်ကနေ လက်ခံရရှိခဲ့တာပါ။

Ref: US Zoo Offers To Name Animal Poop After Your Ex This Valentine’s Day

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top