သစ်တောများရဲ့ ဖခင် Johan Eliasch

father0ftree.jpg

Johan Eliasch ဆိုတာ ဆွီဒင်ဖွား ဘီလျံနာ တစ်ဦး ဖြစ်ပါတယ်။ နိုင်ငံရေးသမား တစ်ဦးလည်း ဖြစ်ပြီး ဗြိတိန် ဝန်ကြီးချုပ်ရဲ့ အထူး ပြောရေးဆိုခွင့်ရှိသူအဖြစ်လည်း လုပ်ကိုင်ဖူးပါတယ်။

ဩစတြီးယား၊ ဆွီဒင်တို့မှာလည်း နိုင်ငံရေးပါတီဦးဆောင်မှု၊ စီးပွားရေး ဦးဆောင်မှုများမှာ ပါဝင်ပါတယ်။

Johan Eliasch ဟာ Head NV အမည်ရ Global company ရဲ့ ပိုင်ရှင် ဖြစ်ပါတယ်။ သူဟာ သက္ကရာဇ် ၂၀၀၅ ခုနှစ်က အမေဇုန်သစ်တောရဲ့ အလယ်တည့်တည့်က ဧကပေါင်း ၄သိန်းရှိတဲ့ သစ်တောကို ဝယ်လိုက်ပါတယ်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၄ သန်းနဲ့ ဖြစ်ပါတယ်။ ရည်ရွယ်ချက်က သစ်တောကို ထိန်းသိမ်းစောင့်ရှောင့်ဖို့ပါ။ သစ်ခို့ဖို့ ဝယ်ယူပိုင်ဆိုင်ထားတဲ့ သစ်လုပ်ငန်း ကုမ္ဗဏီတစ်ခုကနေ ထပ်ဆင့် ပြန်လည် ဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးတော့ ယင်း သစ်တောကို သဘာဝအဖြစ် ထားရှိရန် ထိန်းသိမ်းစေပါတယ်။

ဒါ့အပြင် Johan ဟာ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောများကို မပြုန်းတီးစေရန် ထိမ်းသိန်းကာကွယ်ရေး INGO တစ်ခုကို တည်ထောင်ပြီး ကမ္ဘာတစ်ဝန်းမှာ သစ်တော ထိန်းသိမ်းရေးကို လုပ်ဆောင်လျက် ရှိပါတယ်။ ယင်း INGO မှာ မ္ဘာတစ်ဝန်းအဖွဲ့ဝင်ပေါင်း တစ်သိန်းခွဲကမ ရှိနေပါပြီ။ ဒါကြောင့်မို့ ဘီလျံနာ Johan ကို သစ်တောများရဲ့ ဖခင်အဖြစ် ထင်ရှားစေခဲ့ ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top