မိခင်ရဲ့စွန့်ပစ်မှုခံရပြီး အ‌မွှေးပွအရုပ်လေးကိုပဲ အဖော်အဖြစ် ပွေ့ဖက်ခင်တွယ်နေတဲ့ မျောက်ပေါက်လေး

monkey1.jpg

ဂျပန်နိုင်ငံရှိ တိရစ္ဆာန်ရုံတစ်ရုံမှာ အမွှေးပွအရုပ်လေးကို မျောက်ပေါက်လေးတစ်ကောင် ပွေ့ဖက်ခင်တွယ်နေတဲ့ဗီဒီယိုပျံ့နှံ့သွားပြီးနောက် အဲ့ဒီမျောက်ကလေးကို လူမှုကွန်ယက်မှာ လူစိတ်ဝင်စားမှုများနေပါတယ်။ Ichikawa City Zoo က Punch-kun လို့အမည်ရတဲ့မျောက်လေးဖြစ်ပြီး သူ သွားလေရာကို အဲ့ဒီအရုပ်ကလေးယူဆောင်သွားတာကြောင့် အများပြည်သူတွေရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။

သူ့မိခင်က Punch-kun ကို ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ မွေးဖွားခဲ့ပြီးနောက် စွန့်ပစ်ခဲ့တာပါ။ အစကတော့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းတွေက မွေးမြူပေးခဲ့တာပါ။ နောက်ပိုင်းကျတော့ တိရစ္ဆာန်ရုံက အခြားမျောက်တွေနဲ့ သဟဇာတဖြစ်ဖို့ ခက်ခဲတာကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းတွေက မျောက်ကလေးရဲ့စိုးရိမ်ပူပန်မှုနဲ့ အထီးကျန်မှုကို နှစ်သိမ့်ပေးဖို့ အမွှေးပွလူဝံရုပ်ကလေးနဲ့ မိတ်ဆက်ပေးဖို့ အကြံရခဲ့ပါတယ်။ အဲ့ဒီကတည်းက မျောက်ကလေးဟာ အရုပ်ကလေးနဲ့ ခွဲမရဖြစ်ခဲ့ပါတယ်။

အရုပ်ကလေးနဲ့ လမ်းလျှောက်ပြီးကစားတဲ့ Punch-kun ရဲ့ဗီဒီယိုတွေက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပါတဘ်။ အခုဆို Punch-kun နဲ့ သူ့သူငယ်ချင်းအရုပ်လေးတို့ကို တွေ့ချင်တဲ့လာရောက်လည်ပတ်သူတွေ တိုးလာနေပါပြီ။ မျောက်ကလေးကို တွေ့ချင်တဲ့ လူအုပ်ကြီးကို မြင်ရတာ တအံ့တဩဖြစ်ရပြီး အထဲဝင်ဖို့ အကြာကြီးစောင့်ခိုင်းစေရတဲ့အတွက် တောင်းပန်ပါတယ်လို့ Ichikawa City Zoo က ဆိုထားပါတယ်။

Punch က အခုဆိုရင် အခြားမျောက်တွေနဲ့ စပြီး ပေါင်းသင်းဆက်ဆံလာနေပြီး အခြားတိရစ္ဆာန်တွေနဲ့ပါ သဟဇာတဖြစ်ဖို့ ကြိုးစားနေပြီလို့ သိရပါတယ်။

Ref: Orphaned Baby Monkey at Japanese Zoo Goes Viral for Having Stuffed Animal as His Only Friend

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top