လက်တွေ့ဘဝရဲ့စူပါဟီးရိုး (သို့မဟုတ်) ဓားပြအယောက် ၄၀ ကို တစ်ယောက်တည်း ခုခံတိုက်ခိုက်ခဲ့သူ

image.png

အိန္ဒိယစစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဂေါ်ရခါးစစ်သား ဘစ်ရှ်နူးရှရက်စ်သာဟာ ရှေ့တန်းတာဝန်တွေ ပြီးဆုံးသွားလို့ ရထားစီးပြီး အိမ်ပြန်လာခဲ့တယ်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၂ ရက်နေ့ညမှာ သူ စီးလာတဲ့ မောရိယအမြန်ရထား (Maurya Express)ကို လက်နက်ကိုင်ဆောင်ထားသူ အယောက် ၄၀ ဝန်းကျင်က စီးနင်းပြီး ဓားပြတိုက်ခဲ့တယ်။

ဓားပြတွေက အသက် ၁၈ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ဖို့ ကြိုးစားချိန်မှာတော့ ရှရက်စ်သာက ဓားပြတွေကို တွန်းလှန်တိုက်ခိုက်ခဲ့တယ်။ သူက တာဝန်ချိန် ပြင်ပဖြစ်လို့ သေနတ် ပါမလာဘဲ ဂေါ်ရခါးစစ်သားတွေ ကိုင်ဆောင်လေ့ရှိတဲ့ ကူကရီ(khukuri) ဓားကောက်တစ်ချောင်းပဲ ပါတယ်။

သတ္တိကောင်းပြီး ကျင့်သားပြည့်ဝနေတဲ့ ရှရက်စ်သာက ဓားပြ ၃ ယောက်ကို အသေဖမ်းဆီးပြီး ၈ ယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်။ သူကိုယ်တိုင်လည်း လက်မှာ ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ ရှရက်စ်သာရဲ့ ရဲစွမ်းသတ္တိရှိမှုကြောင့် မိန်းကလေးငယ်ဟာ အဓမ္မပြုကျင့်ခံရမယ့်ဘေးကနေ လွတ်မြောက်ခဲ့ပြီး ရထားစီး ခရီးသည်တွေလည်း ဓားပြတွေလက်ကနေ ချမ်းသာရာရခဲ့တယ်။

ရှရက်စ်သာကို အိန္ဒိယအစိုးရက Sena ဆု၊ Uttam Jeevan Raksha Padak ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့တယ်။ မိန်းကလေးငယ်ရဲ့မိသားစုက ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဆုငွေပေးအပ်ခဲ့ပေမဲ့ အဲဒီငွေကို ရှရက်စ်သာက လက်မခံခဲ့ဘူး။ “စစ်မြေပြင်မှာ ရန်သူကို တိုက်ခိုက်တာက စစ်သည်တစ်ယောက်ရဲ့ တာဝန်ဖြစ်ပြီး၊ ရထားပေါ်က လူရမ်းကားတွေကို တိုက်ခိုက်တာက လူသားတစ်ယောက်ရဲ့ တာဝန်ပါ” လို့ သူက ဆိုပါတယ်။

၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Kill ဇာတ်ကားကတော့ ဒီဖြစ်ရပ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။

Ref: Bishnu Shrestha

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top