မုန်တိုင်းဘေးသင့်သူတွေရဲ့ ဒုက္ခကို မြင်တွေ့ပြီး စုဘူးဖောက်လှူခဲ့တဲ့ ၇ နှစ်သားလေး

3-10-2022-yyl39.jpg

မုန်တိုင်းဘေးသင့်သူတွေ ဒုက္ခရောက်နေတာမြင်တော့ သူ့စုဘူးလေး ပြေးဖောက်ပြီး ” မေမေရေ။ သားထက်စာရင် သူတို့တွေက ငွေပိုလိုလိမ့်မယ်။ သား စုထားတဲ့ငွေတွေ လှူပေးချင်တယ်တဲ့”။

သူကတော့ အင်ဒီယားနားပြည်နယ်မှာ နေထိုင်တဲ့ ၇ နှစ်သားလေး ဒိုမီနစ်။ ဟာရီကိန်းမုန်တိုင်း အီယန် တိုက်ခတ်မှုကြောင့် ဖလော်ရီဒါပြည်နယ်မှာ နေထိုင်သူတွေ အခက်အခဲကြုံနေရတာကို မြင်တွေ့ပြီးနောက် သူက ဒီလို ဆုံးဖြတ်လိုက်တာ။

သူ့သားရဲ့ ကိုယ်ချင်းစာတရားကြီးမားပုံကို ဂုဏ်ယူတဲ့ သူ့အမေက ဒီဗီဒီယိုကို လူမှုကွန်ရက်ပေါ် တင်လိုက်တာ အချိန်တိုအတွင်း ပျံ့နှံ့သွားတယ်။ အဲဒါနဲ့ သူ့အမေလည်း မုန်တိုင်းဘေးသင့်သူတွေအတွက် လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေကို ကားပေါ်တင်ပြီး ဖို့တ်မေယာမြို့ကို သွားလှူခဲ့ပါတယ်။

Ref: 7-Year-Old Donates Entire Piggy Bank To Help Those In Need In Florida After Hurricane Ian

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top