ထိုင်းအမျိုးသမီးတစ်ဦးဟာ သြစတြေးလျအမျိုးသားနှစ်ဦးနဲ့ တပြိုင်တည်း လက်ထပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ပရာခွန်ချိုင်းခရိုင်မှာ နေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် ထိုင်းအမျိုးသမီး ကတ်ဆာရိုဟာ ယခင်က တေးရေး၊ တေးဆိုတစ်ဦး ဖြစ်ပါတယ်။
သူဟာ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ပတ္တယားမှာ သြစတြေးလျ အငြိမ်းစားရဲအရာရှိဟောင်း ရိုမန်နဲ့ စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ ရိုမန်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း မက်ကိုင်းနဲ့ပါ သိကျွမ်းခဲ့ပါတယ်။ ကတ်ဆာရိုဟာ ရိုမန်နဲ့ ချစ်ကြိုက်နေတာ ၅ နှစ်ရှိပြီဖြစ်ပြီး မက်ကိုင်းနဲ့ ကြိုက်ခဲ့တာကတော့ ၁ နှစ် ရှိပါပြီ။ ကတ်ဆာရိုဟာ ယခင်အိမ်ထောင်နဲ့ သားသမီး ၃ ယောက်၊ မြေး ၂ ယောက် ရှိပါတယ်။
ကတ်ဆာရို၊ ရိုမန်၊ မက်ကိုင်းတို့ဟာ သူတို့ ၃ ယောက်လုံးရဲ့ သဘောတူညီမှုအရ အခုလို မင်္ဂလာဆောင်ခဲ့တာဖြစ်ပြီး ရိုမန်နဲ့ မက်ကိုင်းတို့ နှစ်ဦးလုံးက ဘတ် ၁ သန်းစီ တင်တောင်းခဲ့ကြတယ်လို့ Khaosod သတင်းဌာနက ဖော်ပြပါတယ်။
Ref: 37-Year-Old Thai Woman Marries Two Austrian Men At Same Wedding Ceremony.
NZ (ရိုးရာလေး)

