ဂျပန်မှာ မျောက်လေးပန်ချီဆီ အလည်သွားခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Lisa

lisa.jpg

BLACKPINK အဖွဲ့ဝင် Lisa ဟာ ဂျပန်ကို အလည်အပတ်ခရီးလာရင်း လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ချစ်ခင်နှစ်သက်မှုကို ရရှိထားတဲ့ နာမည်ကြီးမျောက်လေး ပန်ချီကို သွားတွေ့ခဲ့ပါတယ်။ Lisa က ပန်ချီဆီ အလည်သွားဖို့အတွက် တိုကျိုမြို့အပြင်ဘက် ချိဘခရိုင်မှာ ရှိတဲ့ Ichikawa City Zoo ကို သွားခဲ့ပါတယ်။

Lisa က ပန်ချီကို တွေ့ချင်လို့ Ichikawa City Zoo ကို သွားလည်တဲ့ ဓာတ်ပုံတွေကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ မျှဝေခဲ့တာပါ။ သွားလည်တဲ့အချိန်မှာ ပန်ချီနဲ့အတူ မျှဝေဖို့ ပန်ချီဆီမှာလည်းရှိတဲ့ မျောက်ဝံအရုပ်လေးကို ယူလာခဲ့ပါတယ်။ အဲ့အရုပ်လေးကို မြှောက်ပြီးပြကာ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ခဲ့ပြီး သူ့ရဲ့ Instagram Stories မှာ တင်ပေးခဲ့တာပါ။ ပန်ချီကိုတော့ သူ အမြဲကိုင်ထားလေ့ရှိတဲ့ အရုပ်လေးနဲ့ ခြံထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

Ref: BLACKPINK’s Lisa Has A Cute Encounter With Viral Monkey Punch In Japan

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top