တရုတ်နိုင်ငံမှာ ဘတ်စ်ကားတစ်စီး မြေမျိုခံရလို့ အနည်းဆုံး လူ ၆ ယောက် သေဆုံး

C3.jpg

တရုတ်နိုင်ငံ အလယ်ပိုင်းက လမ်းပေါ်မှာ မြေကျွံကျပြီး တွင်းပေါက်ကြီး ဖြစ်ပေါ်ခဲ့လို့ ဘတ်စ်ကားတစ်စီးနဲ့ လမ်းသွားလမ်းလာတွေ ပြုတ်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့ညနေပိုင်းက ချင်ကိုင်ပြည်နယ်မြို့တော် ရှီနင်းမြို့ ဆေးရုံအပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် အနည်းဆုံး လူ ၆ ယောက်သေဆုံးခဲ့ပြီး လူ ၁၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။

စောင့်ကြည့်ကင်မရာမှတ်တမ်းအရ မှတ်တိုင်မှာ ဘတ်စ်ကားရပ်နေတုန်း မြေကျွံကျခဲ့လို့ ဘတ်စ်ကားစောင့်နေသူတွေ ထွက်ပြေးခဲ့ကြတာ တွေ့ရပါတယ်။ အဲဒီနောက်မှာပဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်နိုင်ငံမှာ ရုတ်တရက် မြေကျွံကျတဲ့ဖြစ်ရပ်မျိုးတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်အောင် တက်သုတ်ရိုက်ဆောင်ရွက်မှုတွေကြောင့်လို့ ဆိုကြပါတယ်။

၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒါကျိုးမြို့က လူအသွားအလာ စည်ကားတဲ့ စင်္ကြံလမ်းမှာ မြေကျွံကျလို့ လူ ၄ ယောက် သေဆုံးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကလည်း တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့မှာ မြေကျွံကျလို့ လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top