ဧပြီ ၁၇ ရက်နေ့မှာ မင်္ဂလာပွဲကျင်းပပြုလုပ်မယ့် ထိုင်းနာမည်ကြီးစုံတွဲ Yaya နဲ့ Nadech

mariage.jpg

ချစ်သူသက်တမ်း ၁၀ နှစ်ကျော်ရှိပြီး ၂၀၂၃ ခုနှစ်က အီတလီမှာ စေ့စပ်ခဲ့ကြတဲ့ ထိုင်းထိပ်တန်းမင်းသားချော Nadech Kugimiya နဲ့ ထိုင်းမင်းသမီးချော Yaya Urassaya တို့ရဲ့ မင်္ဂလာပွဲဟာ နီးကပ်လာနေပါပြီ။ သူတို့ရဲ့မင်္ဂလာပွဲကို နေရာ ၃ နေရာမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ပထမဆုံးကတော့ ခွန်ကန်မြို့မှာ၊ ပြီးရင် နော်ဝေ၊ အဲ့ဒီနောက် ဘန်ကောက်မှာဖြစ်ပါတယ်။

ပရိသတ်တွေ စောင့်ဆိုင်းနေရကြတဲ့ ပထမဆုံးမင်္ဂလာပွဲရက်က အတိအကျထွက်လာပါပြီ။ ခွန်ကန်မြို့မှာ ဧပြီ ၁၇ ရက်နေ့ ပြုလုပ်မှာဖြစ်ပါတယ်။ Nadech ရဲ့မိခင်ဖြစ်သူ တင်ခဲ့တဲ့ မင်္ဂလာဖိတ်စာမှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ သူတို့ရဲ့ဖိတ်စာက လက်မှုပညာနဲ့ ဖန်တီးထားတဲ့ လက်ရာလေးဖြစ်ပါတယ်။

ဧပြီလ ၁၇ ရက်နေ့မှာ မင်္ဂလာပွဲကို ခွန်ကန်မြို့က Ying Yen’s Home နေရာမှာ အီဆန်စတိုင်နဲ့ ရိုးရိုးရှင်းရှင်းလေးပဲ ပြုလုပ်မှာဖြစ်ပါတယ်။ မင်္ဂလာအခမ်းအနားက မနက် ၈ နာရီ ၉ မိနစ်မှာ စတင်မှာဖြစ်ပါတယ်။

Ref: Mae Kaew Reveals Wedding Invitation of Nadech and Yaya, Touching Details Reflecting Isan Heritage

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top