လစ်သူယေးနီးယားနိုင်ငံက လေဆိပ်တစ်ခုမှာ လေယာဉ်ပေါ်ယူခွင့်မပြုတဲ့ပစ္စည်းတွေနဲ့ အီစတာဥပုံစံ ဖန်တီးပြသထား

6.4.2023-yyl-iamge-12.jpg

လစ်သူယေးနီးယားလေဆိပ်တွေက သူတို့ရဲ့ခရီးသည်တွေကို လေကြောင်းဘေးကင်းရေးနဲ့ပတ်သက်ပြီး ထူးခြားတဲ့နည်းလမ်းတစ်ခုနဲ့ သတိပေးနေပါတယ်။ လစ်သူယေးနီးယားက Vilnius လေဆိပ်ကဆိုရင် ခရီးသည်တွေမြင်နိုင်တဲ့နေရာမှာ လေယာဉ်ပေါ် ယူခွင့်ပြုမထားတဲ့ပစ္စည်းတွေနဲ့ အီစတာဥပုံစံအလှဆင်ပြထားပါတယ်။ အဲ့ဒီလိုဖန်တီးထားတဲ့ အီစတာဥနဲ့ ဧပြီလ ၉ ရက်နေ့မှာ ကျရောက်မယ့် အီစတာပွဲတော်ကို ကြိုဆိုနေတာလည်းဖြစ်ပါတယ်။

ဒီအီစတာဥက ၁.၅ မီတာ မြင့်ပြီး ခရီးသည်တွေ လေယာဉ်ပေါ်မတက်ခင် ချန်ထားခဲ့ရတဲ့ ဓား၊ ကတ်ကြေး၊ မီးခြစ်၊ မုတ်ဆိတ်ရိတ်ဓားနဲ့ အခြားအန္တရာယ်ရှိတဲ့ပစ္စည်း ၁၀၀၀ ကျော်နဲ့ ပြုလုပ်ထားတာပါ။ လေဆိပ်စစ်ဆေးရေးဂိတ်မှာ ခရီးသည်တွေ ထားခဲ့ရတဲ့ ပစ္စည်းအရေအတွက်များလာတာကနေ အခုလိုဖန်တီးဖို့ ဖြစ်လာခဲ့တာပါ။

အောက်ခံကိုယ်ထည်ပြုလုပ်ပြီး အီစတာဥဖြစ်သွားဖို့ ပစ္စည်းများစွာကို လိုက်ကပ်ရတာက လတော်တော်ကြာ အချိန်ယူခဲ့ပါတယ်။ အီစတာပွဲတော်အားလပ်ရက်ကာလအတွင်း Vilnius Airport မှာခရီးသည်တွေ အနီးကပ်ကြည့်ရှုလို့ရအောင်၊ ဓာတ်ပုံရိုက်လို့ရအောင် ပြသထားပါတယ်။

လေယာဉ်ပေါ် ယူခွင့်ပြုမထားတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်တဲ့ ဖန်တီးမှုက ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၃ နှစ်က Vilnius လေဆိပ်မှာပဲ ကတ်ကြေး၊ မီးခြစ်၊ ဓားတွေနဲ့ ခရစ္စမတ်သစ်ပင်ကို ဖန်တီးခဲ့ပါသေးတယ်။

Ref: Vilnius Airport Transformed 1,000 Banned Items From Planes Into A One-Of-A-Kind Easter Egg

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top