တရုတ်မဟာတံတိုင်းပေါ်မှာ အမှတ်တရအနေနဲ့ နာမည်ထွင်းခဲ့တဲ့ အမျိုးသမီး ၂ ဦး ဖမ်းဆီးထိန်းသိမ်းခံရ

bridge.jpg

တရုတ်အမျိုးသမီး ၂ ဦးဟာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့က မဟာတံတိုင်းပေါ်မှာ နာမည်ထွင်းထုခဲ့လို့ ပြဿနာတက်ခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ နာမည်ထွင်းနေတာကိုတောင် ဗီဒီယိုရိုက်ခဲ့ကြတာပါ။

အဖြူရောင်ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ ကတ်ကြေးကို အသုံးပြုပြီး “ကျန်မိုရှနဲ့ သူ့ရဲ့ဒုတိယအစ်မ – အမှတ်တရ” ဆိုတဲ့စာလုံးတွေကို ရာစုနှစ်များစွာသက်တမ်းရှိတဲ့မဟာတံတိုင်းရဲ့အုတ်တွေမှာ ထွင်းခဲ့တဲ့ ဗီဒီယိုဟာ လူမှုကွန်ယက်မှု ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီဗီဒီယိုကို သူ့နဲ့အတူပါလာတဲ့သူက ဖုန်းနဲ့ ရိုက်ပေးခဲ့တာပါ။

ဒီဗီဒီယိုပျံ့နှံ့သွားတာနဲ့ မြန်မြန်ဆန်ဆန်ပဲ လူမှုကွန်ယက်အသုံးပြုသူတွေက သူတို့ ၂ ဦးကို ယဉ်ကျေးမှုအမွေအနှစ်ကို ဖျက်စီးနေတယ်ဆိုတဲ့ စကားအပါအဝင် ဝေဖန်ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။

အာဏာပိုင်တွေက အလည်ပတ်လာသူတွေဆီက သတင်းပို့ချက်အမြောက်အမြားရပြီးနောက် ဒီဖြစ်စဉ်ဟာ မတ်လ ၂၃ ရက်နေ့မှာ မဟာတံတိုင်းရဲ့ ၈ ခုမြောက်နဲ့ ၉ ခုမြောက် ကင်းမျှော်စင်မှာဖြစ်ခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ အခု အဲ့ဒီအမျိုးသမီး ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဒဏ်ရိုက်ထားပါတယ်။

မဟာတံတိုင်းက ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်ပြီး နံရံပေါ်မှာ စာတွေထွင်းတာကို တင်းကျပ်စွာတားမြစ်ထားပါတယ်။

Ref: These Women Wanted To Leave A “Memento” On The Great Wall — Now They’re Detained

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top