Social Distancing ကိုလိုက်နာတဲ့အနေနဲ့ ဧရာမပလတ်စတစ် ပူဖောင်းထဲဝင်ပြီး လမ်းလျှောက်သွားတဲ့ အမျိုးသား

28-7-2020-yyl-031.jpg

COVID-19 ကပ်ရောဂါက ကမ္ဘာကြီးကို ကောင်းကောင်းအနားယူခွင့်မပေးထားပါဘူး။ ရောဂါကူးစက်ခံရသူ အရေအတွက် လျော့နည်းသွားပြီလို့ ကျွန်တော်တို့ ထင်မှတ်လိုက်ချိန်မှာပဲ တချို့နိုင်ငံတွေမှာ ဒုတိယလှိုင်းဖြစ်ပေါ်နေပါတယ်။ လက်ရှိအခြေအနေကတော့ ကပ်ရောဂါဖြစ်ပွားမှုကို အဆုံးသတ်ဖို့နီးလာပြီဆိုတဲ့ အရိပ်အယောင်တောင် မပြသေးပါဘူးနော်။ ရောဂါစတင်ဖြစ်ပွားကတည်းက တစ်ကမ္ဘာလုံးကလူတွေကို ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် Social Distancing အလေ့အကျင့်လုပ်ဖို့ အစိုးရနဲ့ကျန်းမာရေး အဖွဲ့အစည်းတွေက အကြံပြုထားကြပါတယ်။ သင်ရော Social Distancing အလေ့အကျင့်ရှိရဲ့လား။ Mask ရော တပ်ရဲ့လား။ ဝိတိုရိယ ပြည်နယ်က အမျိုးသားတစ်ဦးကတော့ ထူးခြားဆန်းပြားတဲ့နည်းနဲ့ Social Distancing အလေ့အကျင့်ကောင်းကို မွေးမြူနေပါတယ်။

အမည်မသိ အဲဒီအမျိုးသားက အခြားသူတွေနဲ့ ခပ်ခွာခွာနေဖို့အတွက် ဧရာမပလတ်စတစ်ပူဖောင်းထဲဝင်ပြီး လမ်းမထက်မှာ လျှောက်သွားနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဖိနပ်၊ Mask မပါဘဲ ပလတ်စတစ် ပူဖောင်းအကာအကွယ်နဲ့ လျှောက်သွားနေတဲ့ အမျိုးသားကို လမ်းသွားလမ်းလာတွေက ဗီဒီယိုရိုက်ထားခဲ့ပါတယ်။ အဲဒီအမျိုးသားက မဲလ်ဘုန်းမြို့အရှေ့ဘက် (၄၇) ကီလိုမီတာ အကွာမှာရှိတဲ့ ဘယ်လ်ဂရေး ဆင်ခြေဖုံးရပ်ကွက်ကနေ လာတာဖြစ်တယ်လို့ သိရပါတယ်။

ဗီဒီယိုထဲမှာ အဲဒီအမျိုးသားက သူ့ကို ကြည့်နေတဲ့လူတွေရှေ့မှာ ဖြတ်လျှောက်နေရင်း “ကျွန်တော် ပူဖောင်းထဲက အမျိုးသား”ဆိုပြီး အော်နေတာလည်း ကြားရမှာဖြစ်ပါတယ်။ ဗီဒီယိုမြင်တွေ့ခဲ့တဲ့ အင်တာနက်အသုံးပြုသူတွေက “ငါ တကယ်ကို ရယ်ချင်နေပြီ”၊ “ဝိတိုရိယပြည်သူတွေက Lockdown ကို ဘယ်လိုတုံ့ပြန်လိုက်တာလဲ”၊ “သူက ကျွန်တော်တို့ရဲ့ဘဝကို တောက်ပသွားအောင် ကြိုးစားနေတယ်လို့ ကျွန်တော်ထင်တယ်။ ကံကောင်းတာပဲ။ လူအရမ်းမရှုပ်တဲ့ မနက်အစောကြီးဖြစ်လို့” ဆိုတဲ့ ကွန်မန့်တွေ ပေးခဲ့ကြပါတယ်။

ဝိတိုရိယ ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် စုစုပေါင်း (၅၃၂) ဦး ရှိနေပါတယ်။ “အခြားသူတွေနဲ့ (၁.၅) မီတာအကွာမှာ နေဖို့ ခက်ခဲတယ်ဆိုရင် အိမ်ကထွက်တဲ့အခါ Mask ဝတ်ဆင်သင့်တယ်”လို့လည်း ဝိတိုရိယပြည်နယ်ရဲ့ကျန်းမာရေးအရာရှိက ထုတ်ပြန်ထားပါတယ်။

ဗီဒီယိုကြည့်ရန်

Ref: Man Takes Social Distancing To Another Level By Walking Around In A Huge Plastic Bubble

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top