နေအိမ်ဆုံးရှုံးရနိုင်ခြေရှိနေတဲ့ အသက် ၉၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးအတွက် နေအိမ်အသစ်ဆောက်လုပ်ပေးမယ့် တေလာပယ်ရီ

18.10.23-yyl-17.jpg

ကမ္ဘာ့အချမ်းသာဆုံးမင်းသားစာရင်းဝင် တေလာပယ်ရီဟာ အသက် ၉၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးအတွက် အိမ်တစ်လုံးဆောက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီအမျိုးသမီးဟာ ပြည်တွင်းစစ်မတိုင်ခင်ကတည်းက မိသားစုနဲ့အတူ နေထိုင်ခဲ့တဲ့ နေအိမ်ကို ဖျက်စီးဖို့ လုပ်နေတဲ့ နယ်မြေချဲ့ထွင်နေသူတွေနဲ့ တရားရင်ဆိုင်နေရတာပါ။

ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတစ်ခုက ဂျိုဆက်ဖင် ရိုက်ဆိုတဲ့ အဲဒီအမျိုးသမီးရဲ့နေအိမ်တစ်ဝိုက် မြေ ၂၇ ဧကကို ဖွံ့ဖြိုးအောင်လုပ်ဖို့ ကြိုးပမ်းနေတာပါ။ ဂျိုဆက်ဖင်ရဲ့နေအိမ်တည်ရှိနေတဲ့ မြေကို ရဖို့ သူ့ကို တရားစွဲဆိုထားတာပါ။

ကုမ္ပဏီက သူ့ရဲ့မြေကို ဝယ်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ သူက ငြင်းလိုက်တဲ့အခါမှာ အခုလိုတရားစွဲဆိုတာတွေဖြစ်လာခဲ့တာပါ။ ဇွန်လတုန်းကလည်း တေလာပယ်ရီက ဂျိုဆက်ဖင် အမှုရင်ဆိုင်တာကို ကူညီပေးမယ်လို့ ပြောခဲ့ပါသေးတယ်။ အခုကတော့ တေလာက နေအိမ်ဆောက်လုပ်ဖို့ ပါမစ်ကျပြီးသွားတဲ့အခါ ဂျိုဆက်ဖင်အတွက် သူ့ရဲ့မြေးတွေနဲ့အတူ နေထိုင်နိုင်မယ့် အိမ်ခန်း ၅ ခန်းပါ အိမ်တစ်လုံးကို ဆောက်လုပ်ပေးတော့မယ်လို့ သိရပါတယ်။

ဂျိုဆက်ဖင်ရဲ့အကြောင်းက လူသိရှင်ကြားထွက်ပေါ်လာကတည်းက တခြားအနုပညာရှင်တွေကလည်း ကုမ္ပဏီကို ဂျိုဆက်ဖင်တရားရင်ဆိုင်ရမှာ ကူညီပေးဖို့ လုပ်ခဲ့ကြပါတယ်။ NBA စူပါစတား ကိုင်ရီ အာဗင်းက လှူဒါန်းမှု ၂ ခုလုပ်ခဲ့ပါတယ်။ ပထမတစ်ခါက ဒေါ်လာ ၄၀၀၀၀ လှူဒါန်းခဲ့ပြီး နောက်တစ်ခါက ဒေါ်လာ ၂၄၀၀၀ ကျော်ပါ။ ရက်ပ်အဆိုတော် စနုဒေါ့ကလည်း ဒေါ်လာ ၁၀၀၀၀ လှူဒါန်းထားပါတယ်။

Ref: Tyler Perry Building New Home for 93-Year-Old Woman as Developers Try to Push Her Out

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top