သမိုင်းဝင် Artemis II (အာတီမစ် ၂) မစ်ရှင်မှာ လကမ္ဘာရဲ့အနောက်ဘက်ခြမ်းဓာတ်ပုံများ ထွက်ပေါ်လာ

moon4.jpg

သမိုင်းဝင် Artemis II (အာတီမစ် ၂) မစ်ရှင်မှာ အိုရီယွန်အာကာသယာဉ်ကနေ ပေးပို့ခဲ့တဲ့ ဓာတ်ပုံတွေမှာတော့ လကမ္ဘာရဲ့ အနောက်ဘက်ခြမ်း မြင်ကွင်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Artemis II မစ်ရှင်မှာ ကမ္ဘာမြေကနေ မိုင်ပေါင်း ၂၅၂၇၅၆ မိုင်အထိ ရောက်ရှိခဲ့ပြီး လူလိုက်ပါတဲ့ လကမ္ဘာခရီးစဉ်တွေထဲမှာ အကွာအဝေး အများဆုံးသွားရောက်နိုင်မှုအဖြစ် စံချိန်သစ် ( ၁၉၇၀ ပြည့်နှစ်အတွင်း အပိုလို၁၃ (Apollo 13) မစ်ရှင်ထက် ၄၁၁၁ မိုင် ပိုဝေး) တင်နိုင်ခဲ့ပါတယ်။

ကမ္ဘာကနေ မမြင်ရတဲ့ လရဲ့ အနောက်ဘက်ခြမ်းကို ရိုက်ကူးထားတဲ့ဓာတ်ပုံတွေနဲ့အတူ လကမ္ဘာရဲ့မိုးကုပ်စက်ဝိုင်းထဲကနေ ကမ္ဘာဂြိုလ် ငုပ်လျှိုးပျောက်ကွယ်သွားတဲ့ Earthset မြင်ကွင်းဓာတ်ပုံ၊ လကမ္ဘာရဲ့မိုးကုပ်စက်ဝိုင်းမှာ ကမ္ဘာဂြိုလ် ထွက်ပေါ်လာတဲ့ Earthrise မြင်ကွင်းဓာတ်ပုံတွေလည်း တွေ့ရမှာ ဖြစ်ပါတယ်။

လကမ္ဘာရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကြားမှာ တည်ရှိတဲ့ အိုရီယန်တယ် မီးတောင်ဝရဲ့ ရှင်းလင်းထင်ရှားတဲ့ ဓာတ်ပုံကိုလည်း မြင်တွေ့ရမှာပါ။ မိုင် ၆၀၀ နီးပါး ကျယ်ဝန်းတဲ့ မီးတောင်ဝဟာ နှစ်သက်တမ်း ၃.၈ ဘီလျံရှိပြီး လကမ္ဘာမျက်နှာပြင်ကို ကြီးမားတဲ့ အရာတစ်ခု တိုက်မိခဲ့တာကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။

Artemis II မစ်ရှင်မှာ ရိဒ်ဝိုက်စ်မန်း၊ ဗစ်တာဂလိုဗာ၊ ခရစ္စတီနာကို့ချ်၊ ဂျရမီဟန်ဆန်ဆိုတဲ့ အာကာသယာဉ်မှူး (၄)ဦး လိုက်ပါခဲ့ပြီး ခရစ္စတီနာကို့ချ်ကတော့ လကမ္ဘာထံ ပထမဆုံးသွားရောက်တဲ့ အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Ref: Artemis II

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top