ပါးစပ်ပေါက်ကျယ်လွန်းတာကြောင့် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့သူ

yyl-003-13.jpg

လူတစ်ယောက်ဟာ အခြားသူတွေနဲ့မတူဘဲ တမူထူးခြားပြီး စွမ်းရည်တစ်ခုခုရှိရင် ကမ္ဘာကျော်နိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ထူးခြားတဲ့စွမ်းရည်ရှိတဲ့သူတွေအများကြီးရှိနေပြီး သူတို့တွေဟာ ကမ္ဘာ့ဂင်းနက်စ်စံချိန်စာရင်းထဲတောင် ဝင်နိုင်ခဲ့ကြပါတယ်။ အခုကတော့ USA က (၁၄) နှစ်အရွယ်ကောင်လေးဟာ အသက်ငယ်ငယ်လေးနဲ့ သူ့ရဲ့ထူးခြားတဲ့စွမ်းရည်ကြောင့် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့ပါပြီ။

အဲဒီကောင်လေးက မင်နီဆိုးတားပြည်နယ်က အိုင်းဇက် ဂျွန်ဆန် ဖြစ်ပြီး သူဟာ သူ့ရဲ့ပါးစပ်ကို (၃.၆) လက်မလောက် ကျယ်အောင် ဟနိုင်တဲ့စွမ်းရည်ရှိပါတယ်။ အဲဒီစွမ်းရည်ကြောင့်ပဲ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တာပါ။ သူ့ရဲ့စွမ်းရည်နဲ့ပတ်သက်ပြီး သူက သူ့ပါးစပ်ထဲကို အချိုရည်ပုလင်းတွေ၊ တင်းနစ်ဘောလုံးတွေ ထည့်ပြခဲ့တာတွေရှိပါတယ်။

အိုင်းဇက်က ငယ်ငယ်ကတည်းက အခြားကလေးတွေနဲ့ မတူတာကို သတိထားမိခဲ့တာပါ။ ၂၀၁၆ခုနှစ်၊ ၂၀၁၇ခုနှစ်မှာ သူ့ရဲ့ပါးစပ်ဟနိုင်တာက သာမန်မဟုတ်ဘူးဆိုတာကို သိရှိခဲ့ရပါတယ်။ တစ်နေ့မှာ အိုင်းဇက်က သူ့အစ်ကိုရဲ့ Guinness World Records 2016 စာအုပ်ကို လှန်လှော်ကြည့်မိခဲ့ပြီး သူ့လိုစွမ်းရည်မျိုးအတွက် ဆုရှိတယ်ဆိုတာ မြင်တွေ့ခဲ့ပါတယ်။ သူ့ရဲ့စွမ်းရည်ကို စသိခဲ့တဲ့အချိန်မှာ သူ့ပါးစပ်က (၃) စင်တီမီတာဝန်းကျင်လောက်ပဲ ဖွင့်နိုင်ပါတယ်။ သူ့အသက် (၁၄) နှစ်မှာ တဖြည်းဖြည်းနဲ့ ပါးစပ်ကို အကျယ်ကြီးဟနိုင်သွားခဲ့ပြီး အခုဆိုရင် တင်းနစ်ဘောလုံးတောင် ပါးစပ်ထဲ ထည့်လို့ရနေပါပြီ။ အိုင်းဇက်က ပါးစပ်ကို အကျယ်ကြီးဟပြီး အစားအစာအများကြီးစားပြတာ၊ ပန်းသီးတစ်လုံးလုံးထည့်ပြတာတွေကို ဗီဒီယိုထဲမှာ မြင်တွေ့နိုင်ပါတယ်။

Ref: 14-Year-Old Boy Breaks Guinness World Record For Having The Largest Mouth

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top