နာမည်ကြီးဂျပန်ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲသစ်မှာ ပါဝင်မယ့် ယွန်းနာ

yoona.jpg

ပရိသတ်အားပေးနှစ်ခြိုက်မှုကို ရရှိထားတဲ့ အဆိုတော်မင်းသမီး ယွန်းနာဟာ Unnatural အမည်ရတဲ့ နာမည်ကြီးဂျပန်ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲသစ်မှာ အဓိကဇာတ်ဆောင်မင်းသမီးအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဇာတ်လမ်းတွဲမှာ ယွန်းနာဟာ UDI မှာ အလုပ်လုပ်တဲ့ မှုခင်းဆရာဝန်မ အင်ဒိုအန်အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ အခုတစ်ခေါက်မှာ ယွန်းနာက ရိုမန်ဟာသဇာတ်လမ်းတွဲမဟုတ်တော့ဘဲ မှုခင်းစုံစမ်းစစ်ဆေးမှုနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို အခြေခံထားတဲ့ ဇာတ်လမ်းတွဲအမျိုးအစားမှာ ပြောင်းလဲသရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မူရင်းဂျပန်ဇာတ်လမ်းတွဲမှာ ယွန်းနာ သရုပ်ဆောင်မယ့်ဇာတ်ရုပ်ကို မင်းသမီး ဆာတိုမိ အီရှိဟာရာက သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲက သံသယဖြစ်ဖွယ်နဲ့ သဘာဝအလျှောက်မဟုတ်တဲ့ သေဆုံးမှုတွေရဲ့နောက်ကွယ်က ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို ဖော်ထုတ်တဲ့ မှုခင်းကျွမ်းကျင်သူတွေအကြောင်းရိုက်ကူးထားတဲ့ လျှို့ဝှက်ဆန်းကြယ်ဆေးပညာဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ၂၀၁၈ ခုနှစ်က ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ဂျပန်မှာသာမက ကိုရီးယားမှာပါ နာမည်ကြီးသွားခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ 96th Drama Academy Awards မှာ ဆု ၆ ဆု ရရှိခဲ့ပါသေးတယ်။

Ref: YoonA Confirmed As Lead Of Korean Remake Of Hit Japanese Drama “Unnatural”

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top