ယူနိုက်တက်ကို အနိုင်ယူပြီး အက်ဖ်အေဖလား ဗိုလ်စွဲခဲ့တဲ့ မန်စီးတီး

3.6.2023-yyl-1.jpg

မန်စီးတီး ၂-၁ မန်ယူနိုက်တက်

ပွဲအစ ၁ မိနစ် မပြည့်ခင်ကတည်းက ဂန်ဒိုဂန်ရဲ့ မြေမကျကန်ချက်နဲ့ ဦးဆောင်ဂိုး ရခဲ့တဲ့ မန်စီးတီးဟာ ပထမပိုင်းမှာ ဂိုးသွင်းခွင့်တွေ ထပ်ရခဲ့ပေမဲ့ ဂိုးပေါက်လွဲချော်ခဲ့လို့ ဂိုးထပ်မရခဲ့တာပါ။ ဒီပွဲမှာ မန်ယူနိုက်တက် ကွင်းလယ်ပိုင်း အားနည်းခဲ့သလို ဒီဂီယာကလည်း အမှားအယွင်းများခဲ့ပါတယ်။

ဘစ်ဆကာရဲ့ ခေါင်းတိုက်ချက်၊ ဂရီးလစ်ရှ် လက်ထိခဲ့လို့ ရလာတဲ့ ပင်နယ်တီကနေ ဖာနန်ဒက်ဇ်က မန်ယူနိုက်တက်အတွက် ချေပဂိုး သွင်းပေးခဲ့တာပါ။ မန်စီးတီးအတွက် ဒုတိယဂိုးကိုတော့ ဒီဘရိုင်းနားရဲ့ ဖရီးကစ် ကန်ချက်ကနေ ဂန်ဒိုဂန်ကပဲ Volley ကန်ချက်နဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဂါနာချို ဝင်လာပြီးနောက်ပိုင်း ယူနိုက်တက်တိုက်စစ် ပိုကြွလာပေမဲ့ ဂါနာချိုရဲ့ ကန်ချက်တွေဟာ ဂိုးပေါက်နဲ့ ကပ်လွဲတာ၊ တိုင်ထိပ်ထိ ထွက်ခဲ့တာမျိုး ကြုံခဲ့လို့ ယူနိုက်တက် ချေပဂိုး မရခဲ့တာပါ။

၃၂ နှစ်၊ ၂၂၂ ရက် အရွယ်ရှိတဲ့ ဂန်ဒိုဂန်ဟာ ၆၅ နှစ်အတွင်း အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ၂ ဂိုးသွင်းနိုင်တဲ့ အသက်အကြီးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဂွာဒီယိုလာဟာလည်း ဖာဂူဆန်နဲ့ အာစင်ဝင်းဂါးတို့ပြီးရင် တစ်ရာသီအတွင်း ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ၂ လုံးကို တစ်ရာသီထက် ပိုမိုဆွတ်ခူးနိုင်တဲ့ တတိယမြောက်နည်းပြဖြစ်လာခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top