လူသားတွေတင်မကဘဲ တိရစ္ဆာန်တွေထဲမှာလည်း တကယ့်ဆရာဝန်တွေလို ဒဏ်ရာကို ဆေးထည့်ပေးပြီး အသက်ကယ်တတ်တဲ့ တိရစ္ဆာန်တွေ ရှိပါတယ်။
အာဖရိကတိုက်မှ မက်တာဘီလီ (Matabele) ပုရွက်ဆိတ်တွေဟာ ခြကောင်တွေနဲ့ တိုက်ပွဲဖြစ်ပြီး ဒဏ်ရာရလာတဲ့ အဖော်တွေကို ကိုယ်တိုင်ဖော်စပ်ထားတဲ့ ပဋိဇီဝဆေးနဲ့ စနစ်တကျ ဆေးကုသပေးနိုင်စွမ်း ရှိပါတယ်။
အသိုက်ထဲမှာရှိတဲ့ အနာပြုစုသူ ပုရွက်ဆိတ်တွေဟာ ဒဏ်ရာရလာတဲ့ ပုရွက်ဆိတ်ရဲ့အနာကို နှုတ်သီးနဲ့ သန့်စင်ပေးပါတယ်။ အဲဒီနောက်မှာတော့ ပိုးမဝင်စေဖို့ သူတို့ရဲ့ ခန္ဓာကိုယ်ဂလင်းထဲမှ ထွက်တဲ့ (ပိုးသတ်ဆေးဓာတ်ပေါင်း ၂၀ ကျော်ပါဝင်တဲ့) အထူးအရည်ကို ဒဏ်ရာပေါ် သုတ်လိမ်းပေးတာ ဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ဒီလို ဆေးထည့်ကုသပေးမှုကြောင့် ဒဏ်ရာရပုရွက်ဆိတ်တွေရဲ့ သေဆုံးနှုန်းဟာ ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာ တွေ့ရပါတယ်။
အချင်းချင်း အသက်ကယ်တင်တတ်တဲ့ ဒီပုရွက်ဆိတ်လေးတွေရဲ့ ဉာဏ်ပညာဟာ သဘာဝတရားရဲ့ အံ့မခန်း လျှို့ဝှက်ချက်တစ်ခုပါပဲ။
Ref: Matabele ants
NZ (ရိုးရာလေး)

