အမေရိကန်ဂီတဆုပေးပွဲမှာ အဓိကဆုကြီးအပါအဝင် ဆု ၃ ဆုကို ဆွတ်ခူးခဲ့တဲ့ BTS အဖွဲ့

btswin.jpg

ကမ္ဘာကျော်ကိုရီးယားအဖွဲ့ BTS ဟာ မေလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ AMA Awards (အမေရိကန်ဂီတဆုပေးပွဲ) မှာ ထိပ်ဆုံးဆုကြီးအပါအဝင် ဆု ၃ ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ သူတို့အဖွဲ့ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ “SWIM” သီချင်းက အခုနှစ်ဆုပေးပွဲမှာ Song of the Summer ဆုကို ရရှိသွားခဲ့တာပါ။

ဒီဆုပေးပွဲရဲ့ ဆုကြီးဖြစ်တဲ့ Artist of the Years (တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်ဆု)ကိုလည်း BTS က ဆွတ်ခူးခဲ့ပါတယ်။ ဒါ့အပြင် Best Male K-POP Artist (အကောင်းဆုံးအမျိုးသားကေပေါ့ပ်အနုပညာရှင်ဆု)ကိုလည်း ရရှိခဲ့ပါတယ်။ BTS က ဆု ၃ ဆုကို ဆွတ်ခူးခဲ့သလို ဆုပေးပွဲမှာ “Hooligan” သီချင်းနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါသေးတယ်။

BTS အပြင် နိုင်ငံတကာဆုပေးပွဲတွေမှာ ဆုတွေဆွတ်ခူးလေ့ရှိတဲ့ KPop Demon Hunters အန်နီးမေးရှင်းရုပ်ရှင်ကားကလည်း ဆု ၄ ဆုဆွတ်ခူးခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ရဲ့ Golden သီချင်းက တစ်နှစ်တာအကောင်းဆုံးသီချင်းဆုကို ရရှိခဲ့ပါတယ်။ အကောင်းဆုံးနောက်ခံသီချင်းဆု၊ အသံသီဆိုဖျော်ဖြေမှုအကောင်းဆုံးဆု၊ အကောင်းဆုံးပေါ့ပ်သီချင်းဆုတွေကိုလည်း ဆွတ်ခူးသွားခဲ့ပါတယ်။

Ref: BTS Wins 3 Awards Including Artist Of The Year At 2026 American Music Awards

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top