လိုက်ဖ်လွှင့်ကြော်ငြာပေးတဲ့ လောကထဲရောက်နေတဲ့ မင်းသားကြီး ဆာမိုဟန်း

BO.jpg

ဟောင်ကောင်ကိုယ်ခံပညာမင်းသားကြီး ဆာမိုဟန်းဟာ ကုန်ပစ္စည်းတွေကို လိုက်ဖ်လွှင့်ကြော်ငြာရောင်းချပေးတဲ့ အရောင်းအဝယ်လောကထဲ ရောက်ရှိနေပါတယ်။ သူက လမ်းလျှောက်ဖို့ အခက်အခဲရှိနေတာကြောင့် အရင်လို စတန့်ဇာတ်ဝင်ခန်းတွေပါတဲ့ ဇာတ်ကားတွေမှာ ပါဝင်ဖို့ ခက်ခဲလို့နေပါတယ်။ သူကဂွမ်ကျိုးမှာ ပြုလုပ်တဲ့ Douyin (TikTok) လိုက်ဖ်လွှင့် အရောင်းအဝယ်အစီအစဉ်မှာ သားကြီးဖြစ်သူ Timmy Hungနဲ့ အတူ ပါဝင်ခဲ့တာဖြစ်ပါတယ်။

လိုက်ဖ်လွှင့်ရာနေရာကို အီးလက်ထရောနစ် ဝှီးချဲ (Electric Wheelchair) စီးနင်းပြီး တက်ကြွစွာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ စာ အက်ရှင်ရုပ်ရှင်တွေမှာ အန္တရာယ်များတဲ့ စတန့်ကွက်တွေကို ကိုယ်တိုင်ရိုက်ကူးခဲ့တာကြောင့် ရရှိထားတဲ့ ဒဏ်ရာဟောင်းတွေနဲ့ ၂၀၁၇ ခုနှစ် ဒူးခေါင်းခွဲစိတ်မှုတွေကြောင့် လမ်းလျှောက်ဖို့ အခက်အခဲရှိနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လိုက်ဖ်လွှင့်ပြီးချိန်မှာလည်း ပရိသတ်တွေကို အမှတ်တရ လက်မှတ်များ စိတ်ရှည်လက်ရှည် ရေးထိုးပေးခဲ့ပြီး စိတ်ဓာတ်တက်ကြွနေဆဲဖြစ်ကြောင်း ပြသခဲ့ပါတယ်။ ပရိသတ်တချို့က သူ့ရဲ့ ကျန်းမာရေးအတွက် အနားယူဖို့ အကြံပြုကြပေမဲ့ သူက အနားယူဖို့ အစီအစဉ်မရှိသေးကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

Ref: Martial Arts Legend Sammo Hung, 74, Is Now Doing Livestream Sales, Shows Up For Work In Electric Wheelchair

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top