PUBG MOBILE FLASH ကို Android ဖုန်းများတွင် 0.96GB၊ iOS ဖုန်းများတွင် 1.75GB ရှိရုံဖြင့် ဒေါင်းလုတ်ပြုလုပ်ကာ ကစားနိုင်မည်ဖြစ်ပြီး PUBG MOBILE FLASH နှင့် မူလ PUBG MOBILE အသုံးပြုသူများအကြား အတူတကွ ချိတ်ဆက်ကစားနိုင်မည့် Cross-play လုပ်ဆောင်ချက်ကိုလည်း ပံ့ပိုးပေးထားသည်။
နိုဝင်ဘာ ၁၃၊ ၂၀၂၆၊ ရန်ကုန်၊ မြန်မာ – ကမ္ဘာတစ်ဝန်းမှ လူကြိုက်များသော Mobile Game တစ်ခုဖြစ်သည့် PUBG MOBILE သည် ပေါ့ပါးမြန်ဆန်ပြီး ချောမွေ့သော ဂိမ်းအတွေ့အကြုံကို ပေးစွမ်းနိုင်မည့် PUBG MOBILE FLASH ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ PUBG MOBILE FLASH ကို Android ဖုန်းများတွင် 0.96GB၊ iOS ဖုန်းများတွင် 1.75GB ရှိရုံဖြင့် ဒေါင်းလုတ်ပြုလုပ်ပြီး ကစားနိုင်မည်ဖြစ်ကာ PUBG MOBILE FLASH နှင့် မူလ PUBG MOBILE အသုံးပြုသူများအကြား အတူတကွ ချိတ်ဆက်ကစားနိုင်မည့် Cross-play လုပ်ဆောင်ချက်ကိုလည်း ပံ့ပိုးပေးထားသည်။
PUBG MOBILE FLASH သည် မည်သည့်ဖုန်းအမျိုးအစားတွင်မဆို ချောမွေ့သည့် ဂိမ်းကစားမှုအတွေ့အကြုံကို ပေးစွမ်းနိုင်ရန်အတွက် ဖန်တီးထားခြင်းဖြစ်ပြီး ဂိမ်းစတင်ကစားနိုင်ရန် စောင့်ဆိုင်းရသည့်အချိန်ကို ပိုမိုမြန်ဆန်စေကာ ပါဝါနှင့်မမ်မိုရီ အသုံးပြုမှုကိုလည်း လျှော့ချပေးထားသည်။ ထို့အတူ ဂိမ်းစတင်ကစားချိန်တွင် Erangel မြေပုံကို Pre-installed အဖြစ် တစ်ပါတည်း ထည့်သွင်းပေးထားကာ အခြားမြေပုံများကိုလည်း ကစားသမားများ စိတ်ကြိုက် လိုအပ်သလို ဒေါင်းလုတ်ပြုလုပ်ကာ ကစားနိုင်မည်ဖြစ်သည်။
PUBG MOBILE ၏ Country Manager ဖြစ်သူ Aman Kumar က “PUBG MOBILE ကစားသမားတွေအတွက် ကစားဖော်တွေနဲ့ ပိုမိုလွယ်ကူစွာ ချိတ်ဆက်ကစားနိုင်ပြီး ပျော်ရွှင်စရာ အတွေ့အကြုံတွေကို မျှဝေနိုင်ဖို့က ကျွန်တော်တို့အတွက် အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားတွေရဲ့ ကြိုက်နှစ်သက်ရာအလိုက် ပိုမိုအဆင်ပြေတဲ့ ရွေးချယ်စရာတစ်ခု ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ထားတဲ့ PUBG MOBILE FLASH ကို မိတ်ဆက်ပေးနိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ PUBG MOBILE FLASH ကနေ တစ်ဆင့် ကစားသမားအသစ်တွေနဲ့ ဂိမ်းကို ပြန်လည်ကစားချင်သူတွေ ပိုမိုများပြားလာပြီး PUBG MOBILE ရဲ့ Battle Royale အတွေ့အကြုံမှာ ပါဝင်ခံစားနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

PUBH MOBILE FLASH ကို မိတ်ဆက်လိုက်ခြင်းသည် ပိုမိုများပြားသော ကစားသမားများထံ လက်လှမ်းမီနိုင်စေရေးအတွက် PUBG MOBILE ၏ ကြိုးပမ်းမှုများထဲမှ တစ်ခုဖြစ်သည်။ PUBG MOBILE အနေဖြင့် ကစားသမားများအတွက် ပိုမိုကောင်းမွန်သည့် ဂိမ်းကစားမှုအတွေ့အကြုံများ ဖန်တီးပေးနိုင်ရန်အတွက် အစဉ်တစိုက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး ကစားသမားများ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် အတွေ့အကြုံသစ်များကိုလည်း ဆက်လက်ဖော်ဆောင်ပေးသွားမည်ဖြစ်သည်။
PUBG MOBILE FLASH တွင် ကစားသမားများအနေဖြင့် မိမိတို့၏ မူလ PUBG MOBILE အကောင့်များ၊ Resource များနှင့် Friend List များကိုလည်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပြီး 100-player Classic Erangel Battle Royale ဂိမ်းအတွေ့အကြုံကိုလည်း မူလအတိုင်း ခံစားရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် မြန်မာဘာသာစကားကိုလည်း ပံ့ပိုးပေးထားပြီး မူလ PUBG MOBILE တွင် ထည့်သွင်းပေးထားသည့် Mode များ၊ Update များနှင့် အကောင့်လုံခြုံရေးစနစ်များကိုလည်း PUBG MOBILE FLASH တွင် တူညီစွာ ပံ့ပိုးပေးထားသည်။
PUBG MOBILE FLASH ကို နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်၍ ဖော်ပြပါ Official Download Link (https://pubggo.go.link/SEAonline) မှ တစ်ဆင့် ဒေါင်းလုတ်ရယူနိုင်မည်ဖြစ်သည်။ PUBG MOBILE FLASH နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက PUBG MOBILE ၏ တရားဝင် အကောင့်များဖြစ်သည့် Facebook နှင့် TikTok တို့တွင် လေ့လာနိုင်သည်။
#PUBGMFLASH
#PUBGMOBILEFLASH
#PUBGMOBILEMM
#PUBGMOBILE
NZ (ရိုးရာလေး)

