50MP Ultra-Wide AI Zoom Selfie Camera ပါရှိလာပြီး ဘယ်တော့မှ မရိုးအီသွားမဲ့ ဒီဇိုင်း၊ ကြာရှည်ခံချောမွေ့မှုတွေနဲ့အတူ ပွဲထွက်လာတော့မဲ့ OPPO A7 Pro 5G

1000040728.jpeg

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က နေ့စဉ်သုံးဖို့အတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်၊ ဓာတ်ပုံရိုက်ကူးမှုတွေအတွက် ထောက်ပံ့ပေးထားသလို OPPO A Series ထုတ်ကုန်ရဲ့ နောက်ဆုံး ထုတ်ကုန်အသစ်ဖြစ်တဲ့ OPPO A7 Pro 5G ကို တရားဝင် မိတ်ဆက်လာခဲ့ပြီဖြစ်ပါတယ်။ 50MP Ultra-Wide AI Zoom Selfie Camera နဲ့ 50MP Rear Main Camera တို့နဲ့ အတူ စွမ်းအားမြင့် AI စွမ်းအင်ကို အသုံးပြုထားတဲ့ ဓာတ်ပုံပညာရပ်ဆိုင်ရာ Tool တွေ ပါရှိလာတာကြောင့် OPPO A7 Pro 5G က OPPO A Series ထုတ်ကုန်တွေရဲ့ ဓာတ်ပုံပညာရပ်မှာ နောက်တစ်ဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသစ်စက်စက် ပါရှိလာတဲ့ NetworkBoost Chip S1 ၊ SuperCool VC system နဲ့ ကြီးမားတဲ့ 8,000 mAh ဘက်ထရီ ပါဝင်လာမှုတို့ကြောင့် ရေရှည်အသုံးခံတဲ့ စွမ်းဆောင်ရည်အား၊ မြင့်မားလှတဲ့ အကြမ်းခံမှုနဲ့ နှစ်ကာလကြာ ချောမွေ့မှုတွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ဒါအပြင် အသုံးပြုရတဲ့ အတွေ့အကြုံကို ပိုမိုပြည့်စုံစေဖို့အတွက် သဘာဝတရားက ပြန်လည်ပုံဖော်ဖန်တီးထားတဲ့ ဒီဇိုင်းကို ခေတ်သစ် Embossing နည်းပညာဖြင့် ပုံဖော်ထားတဲ့ ဒီဇိုင်းပုံစံကို လှပသေသပ်ကြွရွစွာ ထည့်သွင်းပေးထားပြီး၊ အချိန်ကာလများ ကြာမြင့်သွားသည့်တိုင်အောင် မရိုးအီသွားဘဲ ခေတ်မီလှပနေမဲ့ Timeless Look ကို ဖန်တီးပေးထားတာဖြစ်ပါတယ်။

အလုပ်လုပ်ရာနဲ့ ဖျော်ဖြေရေးအတွက် ပိုမိုချောမွေ့တဲ့ အတွေ့အကြုံ

သုံးစွဲသူတွေအတွက် ချောမွေ့ပြေပြစ်တဲ့ အသုံးပြုမှုအတွေ့အကြုံကို ရေရှည်အာရုံစိုက်လာတဲ့ OPPO ရဲ့ ရည်မှန်းချက်ကို ထည့်သွင်းကာ ဆက်လက်အကောင်အထည်ဖော်ထားတဲ့ OPPO A7 Pro 5G မှာ နေ့စဉ်အသုံးပြုမှုကနေ ရေရှည်အသုံးပြုချိန်အထိ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို ချောမွေ့တည်ငြိမ်စွာ ထိန်းသိမ်းပေးနိုင်မဲ့ နည်းပညာနဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားပါတယ်။

AI LinkBoost 4.0 အတွက် NetworkBoost Chip S1 က ပတ်ဝန်းကျင်အခြေအနေတွေကို ပိုမိုကောင်းမွန်စွာ သိရှိနိုင်ပြီး ကွန်ရက်အားနည်းတဲ့အခြေအနေတွေမှာတောင် ကွန်ရက်လက်ခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ အဓိက ကွန်ရက်လက်ခံတဲ့နေရာတွေဖြစ်တဲ့ Signal Frequency Band တွေမှာ Uplink Coverage ကို ၅၀ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်ပေးနိုင်တာကြောင့် ကွန်ရက်ချိတ်ဆက်မှုကို ပိုမိုတည်ငြိမ်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရေရှည် ဂိမ်းကစားတဲ့စွမ်းဆောင်ရည်ကို တည်ငြိမ်စွာ ထိန်းသိမ်းပေးနိုင်တဲ့ AI GameBoost 3.0 နဲ့ အပူကို ထိရောက်စွာ လျှော့ချပေးနိုင်တဲ့ ၄,၃၀၀ စတုရန်းမီလီမီတာရှိတဲ့ အအေးပေးမှုထိန်းချုပ်ခန်း Glacier VC Vapor Chamber တို့ကို ပေါင်းစပ်ထည့်သွင်းထားတာကြောင့် နေ့စဉ်အသုံးပြုမှုနဲ့ ဂိမ်ကစားချိန်တွေမှာပါ တည်ငြိမ်ပြီး ယုံကြည်စိတ်ချရတဲ့၊ နှောင့်နှေးမှု လုံးဝမရှိစေတဲ့ စွမ်းဆောင်ရည် ကို ရရှိစေမှာ ဖြစ်ပါတယ်။

နေ့စဉ်အသုံးပြုမှုတိုင်းအတွက် ပိုမိုချောမွေ့တဲ့ အတွေ့အကြုံကို ပံ့ပိုးပေးနိုင်စေဖို့ ရည်ရွယ်ချက်နဲ့အတူ Adaptive Scheduling Architecture ကိုလဲ ထည့်သွင်းပေးထားတာကြောင့် ၎င်းက ပင်မစနစ်အရင်းအမြစ် တွေကို ထိထိရောက်ရောက် အသေးစိတ်ပိုင်းခြားစီမံပေးကာ ကောင်းစွာ အသုံးပြုနိုင်တဲ့ Memory ပမာဏကို ပိုမိုကောင်းမွန်စွာ ရရှိစေပါတယ်။ ဒါတင်သာမက Collaborative Memory Scheduling နဲ့ ပေါင်းစပ်အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်မြင့်မားတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နေချိန်မှာလဲ တုံ့ပြန်မှုမြန်ဆန်ပြီး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ထိန်းချုပ်မှု ကို ဆက်လက်ထိန်းသိမ်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ App တွေကြား ပြောင်းလဲအသုံးပြုခြင်းနဲ့ များစွာသော Multitasking လုပ်ဆောင်မှုတွေကို ပိုမိုချောမွေ့စွာ လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။

ရေရှည်အသုံးပြုမှုကို အကောင်းမွန်ဆုံး ပံ့ပိုးပေးနိုင်ရန်အတွက် OPPO A7 Pro 5G မှာ Extended Use Care 2.0 ကိုလဲ မိတ်ဆက်ပေးထားပါတယ်။ ၎င်းက သုံးစွဲသူရဲ့ အသုံးပြုမှုပုံစံနဲ့အညီ ပြုလုပ်ပေးတဲ့ Optimization တွေနဲ့ Deep Cleanup Tools တွေက တစ်ဆင့် ဖုန်းရဲ့ ချောမွေ့တဲ့ စွမ်းဆောင်ရည် ကို ဆက်လက်ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါအပြင် စမတ်ဖုန်းရဲ့ လက်ရှိအခြေအနေနဲ့ လိုအပ်ချက်တွေကို အသေးစိတ်အချက်အလက်တွေနဲ့အတူ ပိုမိုရှင်းလင်းစွာ နားလည်နိုင်စေမှာဖြစ်ပါတယ်။

နေ့စဉ်ထိန်းသိမ်းဖို့ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေအပြင် ColorOS Smoothness Boost က OTA Updates တွေက တစ်ဆင့် System Level ပိုင်းဆိုင်ရာ မြှင့်တင်မှုတွေကို အချိန်အလိုက် ဆောင်ရွက်ပေးတာကြောင့် ဖုန်းကို အသစ်စက်စက် သုံးရသလိုမျိုး ချောမွေ့တဲ့အသုံးပြုမှုအတွေ့အကြုံကို ဆက်လက်ရရှိစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် OPPO A7 Pro 5G ဟာ OPPO ရဲ့ 6-Year Smoothness Test ကိုလဲ အောင်မြင်စွာ ဖြတ်သန်းထားတာကြောင့် ၆ နှစ်တာ အသုံးပြုမှုအတွင်း တစ်သမတ်တည်း ချောမွေ့တဲ့ သုံးစွဲမှုအတွေ့အကြုံ ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

ချောမွေ့မှုအပြင် ရေရှည်အထိ ယုံကြည်စိတ်ချရတဲ့ အသုံးပြုနိုင်စွမ်း

ရေရှည်ချောမွေ့စွာ အသုံးပြုနိုင်ရုံသာမက OPPO A7 Pro 5G ကို ရေရှည်ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ဖို့အတွက်လဲ ရည်ရွယ်ကာ တည်ဆောက်ထားပါတယ်။ IP69K Dust & Water Resistance ပါရှိမှု နဲ့ Military-Grade Shock Resistance တို့ကြောင့် ပြင်းထန်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေမှာတောင် ဖုန်းကို ထိရောက်စွာ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ပမာဏ များပြား ကြီးမားတဲ့ 8,000mAh ဘက်ထရီကို ထည့်သွင်းပေးထားပြီး Full Charge Cycle အကြိမ် ၂,၀၀၀ အပြီးမှာတောင်မှ မူလသတ်မှတ်ထားတဲ့ လုပ်ဆောင်နိုင်စွမ်း ရဲ့ ၈၀ ရာခိုင်နှုန်းကျော်အထိ ဆက်လက်ထိန်းသိမ်းထားနိုင်အောင် ဒီဇိုင်းပြုလုပ်ထားတာကြောင့် ထူးခြားကောင်းမွန်တဲ့ ၆ နှစ်တာ ဘက်ထရီသက်တမ်း ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Reverse Wired Charging ကိုလဲ ပံ့ပိုးပေးထားတာကြောင့် လိုအပ်တဲ့အချိန်မှာ အခြားသော စမတ်ဖုန်းတွေကို OPPO A7 Pro 5G ကနေ အလွယ်တကူ အားဖြည့်ပေးနိုင်ပါတယ်။ ခရီးတိုထွက်တဲ့အချိန်မှာ ပန်ကာငယ်အသေးတစ်လုံးကို အသုံးပြုတာကနေ မိတ်ကပ်ပြင်ဆင်မှု Live Stream ပြုလုပ်တဲ့အခါ လုံလောက်တဲ့ အလင်းရောင်ရရှိစေဖို့ Fill Light ကိုပါ ပြန်လည် အားဖြည့်ပေးတာအထိ နေ့စဉ်ဘဝမှာ အဆင်ပြေစွာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

သန့်ရှင်းလှပတဲ့ ဒီဇိုင်းနဲ့ အလွန်ကြည်လင်ပြတ်သားတဲ့ Display

ဒီဇိုင်းနဲ့ လက်ရာပိုင်းကို အရင်ထက် ဆန်းသစ်တီထွင်ထားတဲ့ OPPO A7 Pro 5G က ပိုမိုသပ်ရပ်ပြီး အဆင့်မြင့်တဲ့ အသွင်အပြင်သစ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒီဇိုင်းပုံစံနဲ့ အချောသပ်မှုတို့ကို အထူးအာရုံစိုက်ထားပြီး အသေးစိတ်အချက်အလက်တိုင်းမှာလဲ အသစ်တဖန် မြှင့်တင်ထားတဲ့ လက်ရာကို ထင်ဟပ်စေပါတယ်။

OPPO A7 Pro 5G ကို Surfing Blue နဲ့ Shine Titanium ဆိုတဲ့ အရောင်နှစ်မျိုးနဲ့ ရရှိနိုင်ပြီး သဘာဝလောကကနေ လှုံ့ဆော်မှုရယူထားကာ သဘာဝရဲ့ ကြွယ်ဝတဲ့ အရောင်အသွေးတွေကို ဖုန်းရဲ့ ဒီဇိုင်းပုံစံထဲမှာ ပေါင်းစပ်ဖန်တီးထားပါတယ်။

Surfing Blue မှာ အသစ်ထည့်သွင်းထားတဲ့ Dynamic 3D Wave Texture က အလွှာလိုက် မြင်ရတဲ့ ဖောက်ထွင်းကြွတက်ကာ မြင်နေရတဲ့ See-through 3D Effect ကို ဖန်တီးပေးထားပါတယ်။ ကြည့်ရှုတဲ့ ထောင့်အလိုက် အလင်းပြန်မှုနဲ့ အသွင်အပြင်က သိမ်မွေ့စွာ ပြောင်းလဲသွားတာကြောင့် ဖုန်းရဲ့ နောက်ဖက် Cover မှာ လှုပ်ရှားနေသလို ခံစားရစေပြီး အနက်နဲ့ မိမိရဲ့အမြင်အာရုံကို ပိုကြွစေသလို ဖုန်းရဲ့ ဒီဇိုင်းမျက်နှာပြင်ကိုလဲ ပိုမိုထင်ရှားစေပါတယ်။

နောက်ဘက် ကျောဘက်အဖုံးကို ပိုမိုအဆင့်မြင့်ပြီး အဖိုးတန်မြင့်မားတဲ့ အသွင်အပြင်ရရှိစေရန် Horizontal Design ပုံစံနဲ့ ပြုလုပ်ထားတဲ့ Ultra-Slim Camera Deco ကို ထည့်သွင်းပေးထားပါတယ်။

ဖုန်းရဲ့ အရှေ့ဘက်မှာတော့ ၆.၅၇ လက်မ ရှိတဲ့ FHD+ AMOLED Display ကို အသုံးပြုထားပြီး 120Hz Fluid Refresh Rate၊ 92.8% Screen-to-Body Ratio နဲ့ အမြင့်ဆုံး 1,400 nits Brightness တို့ကို ပံ့ပိုးပေးထားပါတယ်။ ဒါကြောင့် ကြည်လင်ပြတ်သားပြီး အရောင်အသွေးစိုပြည်တဲ့ ရုပ်ထွက်တွေနဲ့ ပိုမိုကျယ်ပြန့်ပြီး ကြည့်လိုက်တာနဲ့ ခံစားမှုကောင်းမွန်လှတဲ့ ကြည့်ရှုမှုအတွေ့အကြုံကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ်တစ်ဆင့် မြင့်မားလာတဲ့ မျိုးဆက်သစ် ကင်မရာနဲ့ ဓာတ်ပုံ နည်းပညာရပ်များ

အရှေ့ဘက်နှင့် အနောက်ဘက် ကင်မရာနှစ်ဖက်စလုံးမှာ 50MP Camera တွေ တပ်ဆင်ပေးထားတာကြောင့် OPPO A7 Pro 5G ဟာ ဘယ်လို ရှုထောင့်မျိုးမှာမဆို ကြည်လင်ပြတ်သားပြီး သဘာဝကျတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်စေဖို့ ဖန်တီးပေးထားတာဖြစ်ပါတယ်။ အနောက်ဘက် Main Camera မှာလဲ ယခင်မျိုးဆက်ထက် အဆင့်မြှင့်တင်ထားပြီး ကြီးမားတဲ့ 1/2-inch CMOS Sensor ကို အသုံးပြုထားပြီး အလင်းရောင်ဝင်ရောက်မှုကို ယခင်မျိုးဆက်ထက် ၇၀ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်စေကာ အလင်းရောင်နည်းပါးတဲ့ ပတ်ဝန်းကျင်နေရာတွေမှာတောင် ရုပ်ပုံအရည်အသွေးကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

အရှေ့ဘက်မှာဆိုရင် အသစ်စက်စက် 50MP Ultra-Wide AI Zoom Selfie Camera ကို ကျယ်ပြန့်စွာမြင်ကွင်းရှင်းလင်းစေမဲ့ 100° Field of View နဲ့အတူ တပ်ဆင်ပေးထားပြီး ဓာတ်ပုံတွေ နဲ့ အခြားသော အကြောင်းအရာဖော်ပြမှုတွေမှာ ပိုမိုလွတ်လပ်စွာ ဖန်တီးနိုင်စေမှာဖြစ်ပါတယ်။

ဒါ့အပြင် AI Auto Wide-Angle Switch နည်းပညာကြောင့် Selfie ရိုက်ကူးရာတွင်လဲ ပိုမိုလွယ်ကူအဆင်ပြေစေမှာဖြစ်ပါတယ်။ အဆိုပါနည်းပညာဟာ Frame အတွင်းရှိ လူအရေအတွက်ကို အလိုအလျောက်သိရှိနိုင်ပြီး 1x နှင့် 0.6x Zoom ကြားကို ကိုယ်တိုင်ချိန်ညှိရန် မလိုဘဲ အလိုအလျောက် ပြောင်းလဲပေးနိုင်တာကြောင့် ပိုမိုကောင်းမွန်သပ်ရပ်တဲ့ ပုံရိပ်တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံကို ပိုမိုကောင်းမွန်စေဖို့ OPPO A Series အတွက် Natural Tone နည်းပညာက အရောင်တွေနဲ့ အသားအရောင်များစွာကို ပိုမိုတိကျသဘာဝကျစွာ ချိန်ညှိပေးတဲ့အပြင် Texture အသေးစိတ်များကိုလဲ ပိုမိုမှန်ကန်တိကျစွာ ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝရဲ့ မတူညီတဲ့ အခြေအနေအမျိုးမျိုးမှာတောင် သဘာဝကျပြီး လက်တွေ့ဆန်တဲ့ ရုပ်ပုံအရည်အသွေးကို ရရှိစေမှာဖြစ်ပါတယ်။ မိတ်ကပ်ပြင်ဆင်ထားတဲ့ မျက်နှာအနီးကပ်ပုံတွေကို ရိုက်ကူးခြင်းပဲဖြစ်စေ၊ သူငယ်ချင်းတွေနဲ့အတူ အမှတ်တမဲ့ဖြစ်ပေါ်လာတဲ့ အခိုက်အတန့်တွေကို ဖမ်းယူထားခြင်းပဲဖြစ်စေ ဘယ်လိုအခြေအနေမျိုးမှာမဆို ပုံရိပ်တိုင်းအတွက် အမှန်တကယ်ဖြစ်ပျက်နေတဲ့ အခိုက်အတန့်နဲ့ ပိုမိုနီးစပ်သလို သဘာဝကျပြီး အသက်ဝင်တဲ့ ရုပ်ပုံတွေကိုလဲ ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

ဒါအပြင် Built-in AI Editing Features များစွာပါဝင်လာတဲ့အတွက် အသုံးပြုသူတွေအနေနဲ့ ဖုန်းကို ဖွင့်အသုံးပြုလိုက်တာနဲ့ တစ်ပြိုင်နက် ပိုမိုဖန်တီးနိုင်တဲ့ အခွင့်အလမ်းတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ AI Portrait Glow ကလဲ ပုံရိပ်တွေရဲ့ Scene တစ်ခုချင်းစီကို အလိုအလျောက် ခွဲခြမ်းစိတ်ဖြာပေးကာ Lighting Effect Mode လေးမျိုးထဲကမှ အသင့်တော်ဆုံး Effect ကို အကြံပြုပေးနိုင်တဲ့အပြင် အလင်းအမှောင်အဆင့်ကိုလဲ စိတ်ကြိုက်ချိန်ညှိနိုင်မှာဖြစ်ပါတယ်။

Social Media ပေါ်မှာ မျှဝေဖို့အတွက်ဆိုရင်လဲ AI Popout က ဓာတ်ပုံအမျိုးမျိုးကို ပျော်ရွှင်စရာ ပြုပြင်ပြောင်းလဲ​ပေးမှာဖြစ်သလို တစ်နည်းအားဖြင့်ဆိုရရင် Collage ပုံစံအဖြစ် ပေါင်းစပ်ဖန်တီးပေးပြီး ဓာတ်ပုံအတွင်းရှိအရာဝတ္ထုတိုင်းကို ဓာတ်ပုံရဲ့ Frame အပြင်ဘက်ကို ထွက်လာတဲ့ပုံစံနဲ့ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် AI Remix Collage ရဲ့ ဖန်တီးမှုနဲ့အတူ နေ့စဉ်ဘဝအတွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုကာ မိမိစိတ်တိုင်းကျ Sticker တွေကိုလဲ စိတ်ကြိုက်ဖန်တီးနိုင်တာကြောင့် ကိုယ်ပိုင်စတိုင်နှင့် ဖန်တီးမှုတွေကို ပိုမိုထူးခြားစွာ ဖော်ပြနိုင်မှာဖြစ်ပါတယ်။

ဒီဇိုင်းဆန်းသစ်ပြီး ကြီးမားတဲ့ ဘက်ထရီ ၊ ထိပ်တန်းအဆင့် အကြမ်းခံနိုင်မှု နဲ့ ရေရှည်ချောမွေ့မှုတို့ပါရှိလာမဲ့ OPPO A7 Pro 5G ကို ၂,၄၉၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီး နိုဝင်ဘာ ၃၀ ရက်နေ့အထိ ဝယ်ယူသူများကို cashback ၅၀,၀၀၀ ကျပ် ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။ အချောမွေ့ဆုံး နဲ့ ထိပ်တန်းအကြမ်းခံမှု အဆင့်ရှိတဲ့ OPPO A7 Pro 5G နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက OPPO Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy ၊ Viber – https://bit.ly/3W6lzCe နဲ့Telegram – https://bit.ly/3xRjQr6 တို့မှ တစ်ဆင့် လေ့လာကြည်ရှုနိုင်မှာဖြစ်ပါတယ်။#OPPO #OPPOA7Pro5G

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top