အူရီဒူးက မြန်မာအမျိုးသမီးများအတွက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများမတည်ထူထောင်ကာ လုပ်ကိုင်ခွင့်ဖော်ဆောင်ပေး

Ooredoo-Village-Kiosk-for-Myanmar-Woman3.jpg

မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် အမျိုးသမီးများအတွက် အောင်မြင်မှုနှင့် အကျိုးသက်ရောက်မှုများရရှိစေသည့် ကျေးလက် အရောင်းဆိုင်များဖွင့်လှစ်နိုင်ရန် မတည်ပေးခြင်းစီမံကိန်းကို အူရီဒူးမြန်မာက အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်။

အခြေခံပညာအဆင့်သင်ကြားတတ်မြောက်ထားသော အမျိုးသမီးများကိုရွေးချယ်ကာ ကိုယ်ပိုင် ကျေးလက်အရောင်းဆိုင်လုပ်ငန်းလုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများကို အူရီဒူးမြန်မာက ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ အူရီဒူးဘက်မှ ငွေကြေးပံ့ပိုးပေးခြင်း၊ စီးပွားရေးဆိုင်ရာဗဟုသုတများ၊ ဒီဂျစ်တယ်ဝန်ဆောင်မှုများ၊ ထုတ်ကုန်များနှင့် ဒီဂျစ်တယ်ဗဟုသုတတိုးပွားရေး အစရှိသော သင်တန်းများပို့ချပေးခြင်းဖြင့် အပြည့်အဝပံ့ပိုးပေးခဲ့ပါသည်။ ကျေးလက်ဒေသနှင့် မြို့ပြနှင့် ဝေးကွာသော ဒေသများနေအမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ၊ သင်တန်းများနှင့် ရေရှည် အကျိုးရှိစေသော ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများဖန်တီးပေးခြင်းဖြင့် အမျိုးသမီးထုအတွက် ပိုမိုကောင်းမွန်သောအနာဂတ်နှင့် လုပ်ပိုင်ခွင့်များအား အူရီဒူးက အဆိုပါအစီအစဉ်မှတစ်ဆင့် ဖော်ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က “မြန်မာနိုင်ငံတစ်ဝှမ်းကျေးလက်ဒေသတွေက အမျိုးသမီး စီးပွားရေး စွန့်ဦးဆောင်ရွက်သူတွေနဲ့အတူ ရေရှည်အကျိုးပြုမယ့် ပူးပေါင်းဆောင်ရွက်မှုပုံစံကို ဖန်တီးဖော်ဆောင်ပေးလိုက်ပါတယ်။ အခုလုပ်ဆောင်ချက်ဟာ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့အမျိုးသမီးများအတွက် နိုင်ငံတကာအဆင့်မီဒီဂျစ်တယ်အတွေ့အကြုံများ ပေးအပ်တဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်းများနဲ့ စွန့်ဦးတီထွင်လုပ်ကိုင်သူ ပိုများလာဖို့လည်း လုပ်ဆောင်ပေးပါတယ်။ ဒီအစီအစဉ်ကနေတစ်ဆင့် မြန်မာအမျိုးသမီးတွေရဲ့ နေထိုင်မှုပုံစံတွေ တိုးတက်လာမှာဖြစ်တဲ့အပြင် သူတို့ရဲ့ပတ်ဝန်းကျင်ကိုလည်း နေထိုင်မှုပုံစံတွေတိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုပြောကြားခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံအနှံအပြားတွင် ကျေးလက်အရောင်းဆိုင်ပေါင်း (၇၀၀) ကျော်ကို အူရီဒူးမှ ဖွင့်လှစ် ပေးနိုင်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်ကုန်တွင် ကျေးလက် အရောင်းဆိုင်ပေါင်း (၁,၀၀၀) အထိဖွင့်လှစ်ပေးနိုင်ရန် ရည်ရွယ်ထားသည်။ အူရီဒူးအနေဖြင့် မြန်မာအမျိုးသမီးများကို ပိုမိုကောင်းမွန်သော အနာဂတ်ကို ပိုင်ဆိုင်ခွင့်ရရှိစေရန် လုပ်ပိုင်ခွင့်များ ဆက်လက်ဖော်ဆောင်ပေးသွားမည်ဟု ရည်မှန်းထားကြောင်း သိရသည်။

အူရီဒူးသည် အလားအလာရှိသောဒီဂျစ်တယ်နည်းပညာများကိုလမ်းဖွင့်ပေးခြင်းနှင့် မြန်မာအမျိုးသမီးများအတွက် လုပ်ပိုင်ခွင့်များဖော်ဆောင်ပေးခြင်း တို့သည် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များ (United Nation Sustainable Development Goals -SDGs) နှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top