ဒါရိုက်တာ မင်းထင်ကိုကိုကြီး ထောင်ဒဏ် (၁) နှစ်ချမှတ်ခံရ

minhtinkkg.jpg

ဒါရိုက်တာ မင်းထင်ကိုကိုကြီး

ပုဒ်မ ၅၀၅ (က) နဲ့ တပ်မတော်ရဲ့တရားစွဲဆိုခြင်းကိုခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ်တရားရုံးက ဒီနေ့မှာ အလုပ်နဲ့ ထောင်ဒဏ် (၁) နှစ်ချမှတ်လိုက်ပါတယ်။

Ko Ko Kyi အမည်နဲ့ အသုံးပြုနေတဲ့ Facebook အကောင့်မှာ တပ်မတော်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုရေးသားပြောဆိုခဲ့တဲ့အတွက် ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ဒါရိုက်တာမင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ်တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) (က) နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

Photo- ရွှေအင်းသားခင်မောင်ဝင်း
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top