အက်ရှင်-ဟာသရုပ်ရှင်ကားသစ်မှာ စတန့်ဇာတ်ဝင်ခန်းကို ကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ အသက် ၉၄ နှစ်အရွယ် မင်းသမီးကြီး

photo_2024-06-22_15-48-42.jpg

အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးကြီး ဂျွန်စကွေ့ဘ်ဟာ အက်ရှင်-ဟာသရုပ်ရှင်ကားသစ် Thelma မှာ ပါဝင်ထားပါတယ်။ စတန့်ဇာတ်ဝင်ခန်းကို ကိုယ်တိုင်သရုပ်ဆောင်ဖို့ အသက်အရွယ်ကြီးနေပေမဲ့ သူဟာ ရုပ်ရှင်ဒါရိုက်တာကို စတန့်ဇာတ်ဝင်ခန်းကို လူစားမထိုးဘဲ သူ ကိုယ်တိုင်သရုပ်ဆောင်နိုင်တယ်လို့ ဆွဲဆောင်နိုင်ခဲ့တာပါ။

သူ ဇာတ်ညွှန်းကို ဖတ်ကြည့်တော့ ဒါဟာ အရမ်းပျော်စရာကောင်းတယ်။ ဒါကို သူ လုပ်နိုင်မယ်ထင်လို့ ကိုယ်တိုင်သရုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဂျွန်က ဆိုပါတယ်။ မော်တော်ဆိုင်ကယ်စတန့်တွေနဲ့ ရှေးဟောင်းစတိုးဆိုင်တစ်ခုက ဇာတ်ဝင်ခန်းတွေကို သူကိုယ်တိုင်သရုပ်ဆောင်ခဲ့တာပါ။

Thelma ဇာတ်ကားကို ဒါရိုက်တာ ဂျော့ရှ် မာဂိုလင်က ရိုက်ကူးခဲ့ပြီး ဒီဇာတ်ကားက သူ့စုဆောင်းငွေ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ကို တယ်လီဖုန်းနဲ့လိမ်လည်ယူသူတွေကို လက်စားချေဖို့ ကြိုးစားတဲ့ Thelma အမည်ရတဲ့ အဘွားအိုတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဇွန်လ ၂၆ ရက်နေ့ ရုံတင်ပြသမှာဖြစ်ပါတယ်။

Ref: A grandmother goes for high-action stunts in Thelma

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top