Social Distancing ဖြစ်စေတဲ့ ဦးထုပ်တွေဝတ်ဆင်ပြီး ကျောင်းပြန်တက်ခဲ့ရတဲ့ တရုတ်နိုင်ငံက ကလေးတွေ

28-4-2020-yyl-001.jpg

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ထိန်းချုပ်တားဆီးတဲ့အနေနဲ့ ဆောင်ရွက်ထားတဲ့ တင်းကြပ်မှုတွေကို ပြေလျော့လိုက်တဲ့အတွက် ကလေးတော်တော်များများဟာ (၃)လအကြာမှာ ကျောင်းပြန်တက်ခွင့်ရခဲ့ပါပြီ။ Zhejiang ပြည်နယ်၊ ဟန်ကျုံးမြို့ရဲ့ Yangzheng School က တစ်တန်းကျောင်းသူ/ သားတွေရဲ့ အတန်း (၄) တန်းကို ဧပြီလ ၂၆ ရက်နေ့က ကျောင်းပြန်တက်ခွင့်ပေးလိုက်ပြီး ဧပြီလ ၂၇ ရက်နေ့မှာ သင်ခန်းစာတွေကို ပြန်သင်ကြားပေးနေပြီလို့ သိရပါတယ်။

မူလတန်းကျောင်းသူ/သားတွေ ကျောင်းပြန်တက်တဲ့အခါမှာ အချင်းချင်း ခပ်ခွာခွာနေဖို့အတွက် အကာအကွယ်ပစ္စည်းတွေဝတ်ဆင်ပြီး စာသင်ကြရပါတယ်။ ဓာတ်ပုံတွေနဲ့ ဗီဒီယိုထဲမှာ တွေ့ရတာကတော့ ကလေးတွေက

ခွဲစိပ်ခန်းသုံးပါးစပ်နဲ့ နှာခေါင်းစည်းကို ဝတ်ဆင်ထားသလို အချင်းချင်း မထိမိအောင် (၃) ပေကွာဖြစ်ဖို့ အိမ်လုပ်ဦးထုပ်လေးတွေလည်း ဝတ်ဆင်ထားကြပါတယ်။ ဦးထုပ်တော်တော်များများကို ကတ်ထူနဲ့ ဒီဇိုင်းအမျိုးမျိုးပြုလုပ်ထားကြတာကို တွေ့မြင်ခဲ့ရပါတယ်။ ကျောင်းအုပ်ဟုန်ဖန်ကလည်း “ဒါက ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဆန်းသစ်တဲ့စိတ်ကူးပါ။ ဒါက ကျွန်တော်တို့ရဲ့ ဆောင်ပုဒ် ” ၁ မီတာဦးထုပ်ကို ဝတ်ဆင်ပါ။ ၁ မီတာ အကွာမှာ နေပါ” ကို မြှင့်တင်ပေးသလိုဖြစ်စေပါတယ်” လို့ မီဒီယာတွေကို ပြောခဲ့ပါတယ်။

သင့်တင့်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု အလေ့အကျင့်ရှိအောင် ကလေးတွေကို ကူညီပေးဖို့အတွက် တစ်ယောက်နဲ့တစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာထိတွေ့ခွင့်ပြုမထားပါဘူး။ သူတို့ရဲ့အထူးသီသန့်ဦးထုပ်ကို ပျက်စီးအောင်လုပ်လို့မရဘူးလို့လည်း သူတို့ကို ပြောထားပါတယ်။ ကလေးတွေက မဖြစ်မနေဝတ်ဆင်ရသလို ခန္ဓာကိုယ်အပူချိန်ကိုလည်း ပုံမှန်တိုင်းတာကြရပါတယ်။

တရုတ်နိုင်ငံမှာ ဇန်နဝါရီလက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်များလာတဲ့အတွက် စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေကို တရုတ်နှစ်သစ်ကူးပိတ်ရက်ပြီးတဲ့နောက်မှာ ပြန်မဖွင့်ဖို့ ညွှန်ကြားခဲ့ကြပါတယ်။ ကျောင်းသင်ခန်းစာတွေကို အွန်လိုင်းစနစ်နဲ့ သင်ကြားစေခဲ့တဲ့အပြင် အတန်းတွေကို ကိုယ်ပိုင်အသိစိတ်နဲ့ ပြန်လေ့လာဖို့ ခွင့်ပြုခဲ့ပါတယ်။ နောက်ဆုံးနှစ်ရဲ့ စီနီယာနဲ့ ဂျူနီယာအထက်တန်းကျောင်းသူ/သားတွေက ဧပြီ ၁၃ ရက်နေ့မှာ အတန်းပြန်တက်ခဲ့ပြီး မူလတန်းကျောင်းသူ/သားတွေကတော့ ဧပြီ ၂၀ရက်နေ့မှာ ကျောင်းပြန်တက်ခွင့်ရခဲ့ပါတယ်။ တစ်တန်း၊ နှစ်တန်း၊ သုံးတန်းကလေးတွေက ဧပြီ ၂၆ ရက်နေ့မှာ ကျောင်းပြန်တက်ခဲ့ရပါတယ်။ သူနာပြုကျောင်းတွေကို မေလ ၆ ရက်နေ့မှာ ပြန်ဖွင့်ဖို့ စီစဉ်ထားကြပါတယ်။

Zhejiang က ဟူပိုင်နဲ့ ကွမ်တုံပြည်နယ်တွေပြီးရင် တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် တတိယအများဆုံးဒေသဖြစ်ပါတယ်။ ပြည်နယ်ဆိုင်ရာကျန်းမာရေးကော်မရှင်က ဗိုင်းရပ်စ်ကူးစက်ခံရသူ (၁၂၆၈) ဦးနဲ့ သေဆုံးသူ (၁) ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref: Students In China Wear Homemade Social Distancing Hats As They Return To School

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top