အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ လောင်းအိုင်စလန်ကျွန်းမှာ နေထိုင်တဲ့ အမျိုးသမီးကြီးတစ်ဦးဟာ အိမ်ဖိုးငွေပေးသွင်းဖို့ စုဆောင်းထားတဲ့ ဒေါ်လာ ၅၀၀၀ ပါစာအိတ်ကို အမှိုက်ပုံးထဲ ပစ်မိသွားတယ်။
သူ သတိရလို့ သွားပြန်ရှာကြည့်တော့ အမှိုက်ပုံးက လာသိမ်းပြီးသွားပြီ။ ဒီအမျိုးသမီးကြီးရဲ့ သားဖြစ်သူက သန့်ရှင်းရေးဝန်ထမ်းတစ်ဦးပါ။ ဒီအကြောင်း သိသွားပြီးချိန်မှာ သားဖြစ်သူက သူ့လုပ်ဖော်ကိုင်ဖက်တွေကို အကူအညီတောင်းပြီး အမှိုက်ရုံကို လိုက်သွားကြတယ်။ သူတို့ဟာ များပြားလွန်းတဲ့ အမှိုက်တွေကြားထဲက ငွေသားထည့်ထားတဲ့ စာအိတ်ကို လိုက်ရှာခဲ့ကြတာပါ။
အမှိုက်တွေ ရွှေ့ရင်းပြောင်းရင်း စာအိတ်ပွင့်ပြီး ထွက်ကျသွားတဲ့ ငွေသားအနည်းငယ်ကလွဲပြီး ကျန်တဲ့ငွေသားအားလုံးကို ပြန်လည် ရှာဖွေနိုင်ခဲ့ကြပါတယ်။ အမျိုးသမီးကြီးက ကျေးဇူးတင်လွန်းလို့ သားဖြစ်သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဆုငွေပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ သူတို့က လက်မခံခဲ့ကြပါဘူး။
Ref: A Long Island woman accidentally threw away an envelope with $5000 cash intended for her mortgage
NZ (ရိုးရာလေး)

