သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းမိတဲ့ ယာဉ်မောင်းက ခွေးနဲ့ နေရာချင်းလဲထိုင်ပြီး ရဲလက်က လွတ်အောင် ကြိုးစားခဲ့

17.5.2023-yyl-6.jpg

သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းမိတဲ့ ယာဉ်မောင်းတစ်ဦးဟာ ရဲဖမ်းခံရလုဆဲဆဲ အချိန်မှာ သူ့ခွေးနဲ့ နေရာချင်းပြောင်းထိုင်ပြီး ရဲလက်က လွတ်အောင် ကြိုးပမ်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်က အမျိုးသားဟာ တစ်နာရီ မိုင် ၃၀ ပဲ မောင်းနှင်ရမယ့်လမ်းပိုင်းမှာ တစ်နာရီ ၅၂ မိုင်အထိ မောင်းနှင်ခဲ့တာပါ။ ရဲတပ်ဖွဲ့က သူ့ကို တားဆီးစစ်ဆေးကြည့်ချိန်မှာ အရက်သောက်ထားတာလည်း တွေ့ရှိခဲ့ပါတယ်။

” ရဲအရာရှိ သူ့နား ကပ်လာချိန်မှာ ယာဉ်မောင်းအမျိုးသားက သူ့ခွေးကို ယာဉ်မောင်းထိုင်ခုံမှာ ထိုင်ခိုင်းပြီး သူက ခရီးသည်ထိုင်ခုံမှာ ပြောင်းထိုင်ဖို့ လုပ်နေတာပါ” လို့ စပရင်းဖီးရဲတပ်ဖွဲ့က ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။

ယာဉ်မောင်းအမျိုးသားက ” ကျွန်တော် မောင်းလာတာ မဟုတ်ဘူး” လို့ လိမ်ညာခဲ့သလို သူ့ကို အရက်သောက်ထားခြင်း ရှိ၊ မရှိ စစ်ဆေးမယ့်အချိန်မှာ မောင်းပြေးဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ကိုက် ၂၀ အကွာမှာပဲ အဖမ်းခံခဲ့ရပြီး မူးယစ်ယာဉ်မောင်းနှင်မှု၊ အဖမ်းမခံဘဲ ခုခံမှု၊ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းနှင်မှု အစရှိတဲ့ စွဲချက်တွေနဲ့ စွဲချက်တင်ခံထားရပါတယ်။

Ref: Colorado driver tried to avoid DUI by switching seats with dog, police say

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top