နှစ် ၃၀ ကျော် အေးခဲထားတဲ့ သန္ဓေသားကနေ ကလေးမွေးဖွား

baby.jpg

ဇူလိုင်လ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ အိုဟိုင်းအိုးပြည်နယ်မှာ မွေးဖွားခဲ့တဲ့ ကလေးကို ”ကမ္ဘာ့အသက်အကြီးဆုံးကလေး”လို့ သတ်မှတ်ထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက အေးခဲထားတဲ့ သန္ဓေသားကနေ မွေးဖွားလာခဲ့တာကြောင့်ပါပဲ။

MIT Technology Review သတင်းဌာနရဲ့ ဖော်ပြချက်အရ လင်ဒါအာချက်ဆိုသူ အမျိုးသမီးက ၁၉၉၄ ခုနှစ်မှာ ဖန်ပြွန်သန္ဓေနည်းပညာနဲ့ ဒီသန္ဓေသားကို ဖန်တီးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ Snowflakes လို့အမည်ရတဲ့ အစီအစဉ်ကတစ်ဆင့် ဒီသန္ဓေသားကို လှူဒါန်းခဲ့တာပါ။

၁၁၁၄၈ ရက်ကြာ အေးခဲထားတဲ့ သန္ဓေသားကနေ မွေးဖွားလာခြင်းကြောင့် ကလေးငယ် သာဒီယက်ကို ကမ္ဘာ့အသက်အကြီးဆုံးကလေးလို့ ခေါ်ဆိုကြတာပါ။ ၂၀၂၂ ခုနှစ်က နှစ် ၃၀ စွန်းစွန်း အေးခဲထားတဲ့ သန္ဓေသားကနေ အမြွှာကလေးငယ် မွေးဖွားလာတဲ့ စံချိန်ဟောင်းကို ချိုးဖျက်ခဲ့တာ ဖြစ်ပါတယ်။

သင့်တော်တဲ့ နည်းပညာအတိုင်း အတိအကျ ဆောင်ရွက်မယ်ဆိုရင် ကာလရှည် အေးခဲထားမှုက သန္ဓေသားကို ထိခိုက်မှုမရှိစေနိုင်ကြောင်း ဒီဖြစ်ရပ်က သက်သေပြနေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

Ref: A record-breaking baby has been born from an embryo that’s over 30 years old

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top