ကြက်ကြော်ဆိုင်ရှင်ကို အံ့အားသင့်စေခဲ့တဲ့ အစားသူရဲကောင်း

20.10.23-yyl-9.jpg

ဗီယက်နမ်နိုင်ငံက ကြက်ကြော်ဆိုင်ပိုင်ရှင်ဟာ ၁ နာရီခွဲအတွင်း ကြက်ကြော်ဗန်းကြီး ၂ ဗန်း ကုန်အောင် စားပြနိုင်ရင် ဒေါင် ၅ သန်း ( မြန်မာငွေ ၅ သိန်းဝန်းကျင်) ပေးမယ်လို့ စိန်ခေါ်မှုတစ်ခု လုပ်ခဲ့တယ်။ တော်ရုံလူ ကုန်နိုင်ဖွယ်မရှိတဲ့ ပမာဏပါ။

ဒါပေမဲ့ မိုင်လို့ အမည်ရတဲ့ အသက် ၁၈ နှစ်အရွယ် အစားသူရဲကောင်းမလေးကတော့ ၅၅ မိနစ်အတွင်း ကြက်ကြော်ဗန်းကြီး ၂ ဗန်းလုံး ပြောင်စင်အောင် စားပြပြီး ဆုကြေးငွေ ဒေါင် ၅ သန်း ရယူသွားခဲ့ပါတယ်။ သူ့စားနေတာကို Tik Tok ပေါ်တင်ဖို့ ဗီဒီယိုရိုက်ထားခဲ့ပြီး ဆိုင်ရှင်ဖြစ်သူက မျက်လုံးပြူးပြီး ကြည့်နေတာ တွေ့ရမှာပါ။

မိုင်ရဲ့ စားနိုင်စွမ်းကို သိချင်နေသေးတဲ့ ဆိုင်ပိုင်ရှင်ကတော့ အခုစားပြတာရဲ့ ၃ ဆ ( ကြက်ကြော်ဗန်းကြီး ၆ ဗန်း) စားပြနိုင်ရင် ဒေါင် ၁၅ သန်း ဆုပေးမယ်လို့ ထပ်ပြီး စိန်ခေါ်ထားပါတယ်။ မိုင်ဟာ အစားအသောက်နဲ့ပတ်သက်ရင် နာမည်ကြီးသူဖြစ်ပြီး အရင်ကလည်း ဒီလို စိန်ခေါ်မှုတွေမှာ အနိုင်ရခဲ့ဖူးပါတယ်။ သူဟာ တစ်နာရီအတွင်း ဘီယာ ၁၃ ဘူး သောက်ပြခဲ့ဖူးသလို အလေးချိန် ၅ ကီလိုဂရမ်ရှိတဲ့ ခေါက်ဆွဲတွေကို ကုန်အောင် စားပြနိုင်ခဲ့လို့ ဆုငွေ ဒေါင် သန်း ၃၀ ရခဲ့ဖူးသူပါ။

Ref: Young woman in Vietnam wolfs down 2 trays of fried chicken for cash prize, to eatery owner’s dismay

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top