တစ်ညမှာတော့ အမျိုးသား တစ်ယောက်ဟာ ကျွန်တော့် အိမ်ကို ရောက်လာတယ်။ ပြီးတော့ သူက ပြောတယ် သူ့မှာ ကလေး ၈ ယောက်နဲ့ မိသားစု တစ်စုရှိတယ်။ သူတို့တွေဟာ ဒီနေ့အတွက် ဘာမှမစားရသေးဘူး။ ကျွန်တော်လည်း အစားအသောက် တစ်ချို့ကို ပေးလိုက်ပြီးတော့ ထွက်သွားခိုင်းလိုက်တယ်။ နောက်ဆုံး ကျွန်တော့် မိသားစု အိမ်ပြန်ရောက်လာတဲ့ အခါမှာ ရုပ်ပျက်ဆင်းပျက် ဆာလောင်နေတဲ့ ကလေးငယ်လေး တွေရဲ့ မျက်နှာကို ကျွန်တော် တွေ့ခဲ့ရပါတယ်။
သူတို့ရဲ့ မျက်နှာတွေဟာ ဝမ်းမနည်းဘူး မပူဆွေးကြဘူး။ ပြင်းထန်သော ဆာလောင်မူကိုပဲ ခံစားနေရတယ်။ ကျွန်တော်လည်း အမေဖြစ်သူကို ထမင်းတွေ ပေးလိုက်တယ်။ သူမဟာ အဲဒီထမင်းတွေကို နှစ်ပုံ ပုံလိုက်တယ်။ ပြီးတော့ သူမဟာ ထမင်းတစ်ပုံကို ယူပြီး အပြင်ကိုထွက်သွားခဲ့တယ်။ အိမ်ပြန်လာတော့ ကျွန်တော်က မင်းထမင်းတွေ ဘယ်ကို ယူသွားတာလဲလို့ မေးမိတယ်။ သူမကတော့ ရိုးရိုးလေးပဲ ပြန်ဖြေတယ်။ ကျွန်မတို့လိုပဲ ဆာလောင်နေတဲ့ အိမ်နီးနားချင်းတွေကို သွားပေးတာပါ။
သူ့မှာ လှူချင်တန်းချင်တဲ့ စိတ်ရှိလို့ သွားပေးတဲ့ ကိစ္စကို ကျွန်တော် မအံဩပါဘူး။ ဒါပေမယ့် ကျွန်တော် အံဩတာ တစ်ခုရှိတယ်။ အဲဒါက သူမဟာ သူတို့တွေ ဆာလောင်နေတယ်ဆိုတာကို ဘယ်လိုသိသလဲ ဆိုတာကိုပေါ့။ စည်းမျဉ်းတစ်ခုတော့ ရှိတယ်ဗျ။ ကျွန်တော်တို့ဟာ ကိုယ့်မှာ ဝေဒနာတစ်ခု ခံစားရရင် မိမိဝေဒနာကိုပဲ အာရုံစိုက်ကြတယ်ဗျ။ အခြားသူ ဘာဖြစ်နေသလဲ ဆိုတာကို ကျွန်တော်တို့ အာရုံစိုက်ဖို့ အချိန် မရှိကြဘူးလေ။