မင်းသားတစ်ယောက်အဖြစ် မအောင်မြင်ခင် အချိန်ပိုင်းယာဉ်မောင်းသမားဘဝမှာ တစ်သက်တာသူငယ်ချင်းတစ်ဦး ရခဲ့တယ်ဆိုတဲ့ အန်ဘိုဟွန်း

Ah-bo.png

မင်းသားချော အန်ဘိုဟွန်း ဟာဆိုရင်လည်း ပရိသတ်တွေအားပေးနှစ်ခြိုက်ကြတဲ့ နာမည်ကြီးတောင်ကိုရီးယားမင်းသားတွေထဲက တစ်ယောက်ပါပဲ။ သူ အခုလို မင်းသားတစ်ယောက်အဖြစ် မအောင်မြင်ခင်က အချိန်ပိုင်းယာဉ်မောင်းသမားလုပ်ခဲ့ဖူးပါတယ်။ သူ အဲ့ဒီအလုပ်လုပ်ခဲ့စဉ်အတွင်း ဖောက်သည်အမျိုးသားတစ်ဦးနဲ့ တစ်သက်တာမိတ်ဆွေသူငယ်ချင်းဖြစ်ခဲ့ပါသေးတယ်။ အန်ဘိုဟွန်းက အဲ့ဒီအကြောင်းကို ဇန်နဝါရီ ၆ ရက်‌နေ့က YouTube ရဲ့နာမည်ကြီး Talk Show Salon Drip ရဲ့ အပိုင်း ၁၂၁ မှာ ပြောပြခဲ့တာပါ။

တစ်သက်တာယောကျာ်းလေးမိတ်ဆွေသူငယ်ချင်းနဲ့ စတင်တွေ့ဆုံခဲ့တဲ့ အမှတ်တရ ညတစ်ညအကြောင်းကို ပြောပြခဲ့ပါတယ်။ သူ့ကို ယာဉ်မောင်းအဖြစ် ဖောက်သည်တစ်ဦးက ငှားတဲ့အချိန် ဖောက်သည်က ဘားထဲကနေ ထွက်မလာတဲ့အတွက်ကြောင့် သူ ဘားထဲကို တန်းဝင်သွားခဲ့ပါတယ်။ ဘားထဲမှာ ဖောက်သည်ကိုတွေ့တော့ ဖောက်သည်က ” သူ့ကို ယာဉ်မောင်းခ ပေးမယ်။ ထိုင်ပါ။ အသားကို အတူတူစားကြမယ် “တဲ့။

ဘိုဟွန်းရဲ့ငွေကြေးခက်ခဲဖြစ်နေတဲ့အခြေအနေကို ဖောက်သည်က သိသွားတော့ စိတ်မကောင်းဖြစ်သွားခဲ့ပုံရပါတယ်။ ” တကယ်ကို အခုလို နေထိုင်နေရတဲ့ လူတွေရှိနေတာသိလို့ အံ့ဩရတယ် “လို့လည်း သူ့ကို ပြောပါတယ်။ သူ့ကို စားကောင်းသောက်ဖွယ်တွေကျွေးတော့ ဘိုဟွန်းက ” သူ ကံကောင်းတာပဲ ” လို့ တွေးမိခဲ့တာပါ။

ဘိုဟွန်းက ဖောက်သည်နဲ့အတူတူ စားသောက်ဖြစ်ခဲ့ပါတယ်။ နောက်တော့ ဖောက်သည်က အလွန်မူးနေတာကြောင့် သူ့အိမ်ကို ဘေးကင်းစွာ လိုက်ပို့ပေးခဲ့ပါတယ်။

” နောက်နေ့ကျတော့ အဲ့ဒီဖောက်သည်က သူ့ကို စဆက်သွယ်ခဲ့ပါတယ်။ ဖုန်းပြောဖြစ်ခဲ့ပြီး ရင်းနှီးလာခဲ့ပါတယ်။ ” တဲ့။

” အောင်မြင်တဲ့မင်းသားဖြစ်လာပြီးနောက် အခုအချိန်အထိ အဲ့ဒီသူနဲ့ အဆက်အသွယ်ရှိသေးလား ” ဆိုတော့ ဘိုဟွန်းက ” အဆက်အသွယ်ရှိနေတုန်းပါပဲ။ သူ့ရဲ့ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲတွေကိုတောင် လာကြည့်လေ့ရှိတယ် ” လို့ ထုတ်ပြောပြခဲ့ပါတယ်။ အဲ့ဒီဖောက်သည်အမျိုးသားက ၁၉၈၁ ခုနှစ်ဖွားဖြစ်ပြီး ဘိုဟွန်းထက် ၇ နှစ်လောက်ကြီးပါတယ်။ ဘယ်သူဘယ်ဝါဆိုတာကိုတော့ ထုတ်ပြောထားခြင်းမရှိပါဘူး။

အန်ဘိုဟွန်းက သူ့ရဲ့ဘဝခရီးလမ်းတစ်လျှောက် အားပေးပံ့ပိုးပေးခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်ထားပါတယ်။ အန်ဘိုဟွန်း က ” သူ့ကိုသူ အခုလိုကောင်းတဲ့ဆက်ဆံရေးတွေနဲ့ ကောင်းချီးပေးခံရတယ်။ ဒါကြောင့်ပဲ သူ ဒီအထိရောက်လာခဲ့တယ်လို့ မှတ်ယူထားတာပါ။ အခုဆို သူ ငွေကြေးအဆင်ပြေနေပြီဖြစ်လို့ သူ ရရှိခဲ့တဲ့ ကြင်နာတရားတွေအတွက် ပြန်ပေးဆပ်ဖို့ အခွင့်အရေးတွေရှိလာပြီ ” လို့ ပြောသွားခဲ့ပါတယ်။

Ref: Ahn Bo Hyun Shares Heartwarming Story of Meeting a Lifelong Friend While Working as a Designated Driver

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top