သား၊သမီးတွေအပေါ် ပေးဆပ်ခြင်းနဲ့ ချစ်တဲ့ ဖခင်ရဲ့ချစ်ခြင်းမေတ္တာ

yyl-045-4.jpg

သားသမီးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ မိခင်တွေက အရေးပါသလို ဖခင်တွေကလည်း အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အဖေဆိုတာ မိသားစုအတွက် ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပြီး ဇနီးနဲ့သားသမီးတွေကို ရှာဖွေကျွေးမွေးနေရတဲ့အပြင် သားသမီးတွေအနာဂတ်တောက်ပအောင်၊ မျက်နှာမငယ်ရအောင် ကြိုးစားလုပ်ဆောင်ပေးရပါတယ်။ အမေတွေလိုပဲ အဖေတွေကလည်း သားသမီးတွေ ငယ်ငယ်လေးကတည်းက အရွယ်ရောက်ကြီးပြင်းလာရင်း ဘွဲ့ရတဲ့အထိ ကာကွယ်ပံ့ပိုးပေးရပါတယ်။

အခြားယောကျ်ားတွေရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ယှဉ်ရင်း ဖခင်ရဲ့ချစ်ခြင်းမေတ္တာက အေးမြလှပါတယ်။ အမေတွေ ကိုယ့်သားသမီးတွေကို ချစ်တတ်သလိုပဲ အဖေတွေကလည်း သားသမီးတွေကို ပေးဆပ်ခြင်းနဲ့ ချစ်ကြတာပါ။ သားသမီးတွေ မျက်နှာညှိုးမှာကို မကြည့်ရက်ဘဲ အရာရာကိုဖြည့်ဆည်းပေးချင်တာချည်းပါပဲ။

သားသမီးတွေကို ပေးဆပ်ခြင်းနဲ့ ချစ်တဲ့ဖခင်ရဲ့ချစ်ခြင်းမေတ္တာတွေက ဘယ်လောက်နက်ရှိုင်းလဲဆိုတာကို ဒီဆောင်းပါးက စုစည်းဖော်ပြပေးတဲ့ပုံတွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၁၈) နှစ်က သူ့ရဲ့ဘွဲ့ယူအခမ်းအနားကို သမီးလေးကို ခေါ်လာခဲ့တဲ့ဖခင်၊ (၁၈) နှစ်ကြာပြီးတဲ့နောက်လည်း သမီးလေးရဲ့ဘွဲ့ယူအခမ်းအနားကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ အဖော်လိုက်ပေးခဲ့တဲ့ ဖခင်

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သားသမီးကို ရှေ့တန်းတင်ထားတဲ့ဖခင်ရဲ့ချစ်ခြင်းမေတ္တာ

နှစ် (၃၀) ကြာသွားတာတောင် အရင်လိုပဲ အတူတူကုန်ဆုံးဖြစ်နေတဲ့ သားအဖဆက်ဆံရေး

မဟာဘွဲ့ရရှိခဲ့တဲ့သားအတွက် ဝမ်းသာပီတီမျက်ရည်ကျခဲ့တဲ့ ဖခင်

ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့တာတောင် သမီးလေးရဲ့ မွေးနေ့တိုင်း ပန်းစည်းလက်ဆောင်ရရှိအောင် စီစဉ်ပေးခဲ့ရှာတဲ့ ဖခင်တစ်ဦးရဲ့ချစ်ခြင်းမေတ္တာ ( အသက် (၁၆) နှစ်ကနေ အသက် (၂၁) နှစ်အထိ မွေးနေ့မှာ ပန်းစည်းလက်ဆောင်ပေးပို့ပေးဖို့ စီစဉ်ခဲ့တာပါ)

သမီးလေး မသေဆုံးခင် ပေးခဲ့တဲ့ပန်းချီပုံလေးကို အမှတ်တရအနေနဲ့ တတ်တူးထိုးခဲ့တဲ့ ဖခင်

သမီးရဲ့ကျောင်းကို အလုပ်ကနေ အချိန်ပေးပြီး ပန်းစည်းသွားပေးခဲ့တဲ့ ဖခင်

လူတွေပျက်ရယ်ပြုမှာကို မစိုးရိမ်ဘဲ သမီးလေးပျော်ရွှင်အောင် စူပါဟီးရိုးဝတ်စုံကို အတူတူဝတ်ပေးခဲ့တဲ့ ဖခင်

သတိလစ်သွားတဲ့အထိ နေမကောင်းဖြစ်နေတဲ့သားကို တစ်ညလုံးပြုစုခဲ့တဲ့ ဖခင်ရဲ့ချစ်ခြင်းမေတ္တာ

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top