MPT က လူမှုအကျိုးပြုလုပ်ငန်း လှုပ်ရှားမှုအစီအစဉ်အဖြစ် လှူဒါန်းမှုများ၊ စေတနာ့ဝန်ထမ်းများ၏ လုပ်အားပေးဆောင်ရွက်မှုများနှင့် ဆက်သွယ်‌ရေး ဝန်ဆောင်မှုများကို ရေဘေးသင့်ဒေသများရှိ ပြည်သူများထံသို့ ပံ့ပိုးကူညီ

24.9.2024-yyl-7.jpg

MPT က ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း)၊ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ရှိ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရန်နှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေရန်အတွက် လူမှုအကျိုးပြုလုပ်ငန်း လှုပ်ရှားမှုကို ဆောင်ရွက်လျက်ရှိနေပါသည်။ အဆိုပါလှုပ်ရှားမှုကို မရှိမဖြစ်လိုအပ်သော အစားအစာများ၊ အဝတ် အထည်များ၊ ငွေသားနှင့် ဝန်ထမ်းများ၏ လုပ်အားပေးမှုများဖြင့် အထောက်အပံ့ပြုကာ လွန်ခဲ့သော အပတ်က စတင်ဆောင်ရွက်ခဲ့ပါသည်။ MPT သည် အရေးပေါ်ကာလအတွင်း လိုအပ်သော ပစ္စည်းများထောက်ပံ့ပေးမှုအပြင် ရေဘေးသင့်ဒေသများရှိ ပြည်သူများနှင့် အရေးပေါ်ကယ်ဆယ်ရေးတို့အား စဉ်ဆက်မပြတ် ချိတ်ဆက်နိုင်စေရန် အတွက် ဆက်သွယ်ရေး အထောက်အပံ့များကိုလည်း ဆောင်ရွက်ပေးထားပါသည်။

ယခုလို လူမှုအကျိုးပြုလုပ်ငန်း လှုပ်ရှားမှု အစီအစဉ်သည် MPT ဝန်ထမ်းများကိုယ်တိုင် စေတနာ့ဝန်ထမ်းအဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ရေဘေးသင့်ဒေသများရှိ ပြည်သူများအား ရေဘေးဒဏ်လျော့ပါးသက်သာစေရန်နှင့် အချိန်နှင့် တစ်ပြေးညီ ကူညီထောက်ပံ့မှုများရရှိစေနိုင်ရန် အဓိကထားဆောင်ရွက်နေပါသည်။ ဝန်ထမ်းများသည် အစားအသောက်၊ အဝတ်အထည်နှင့် အခြားလိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို ရေဘေးသင့်ဒေသများတွင် နေထိုင်သူများထံသို့ ပေးအပ်ရာ၌ စိတ်အားတက်ကြွစွာ ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့အပြင် MPT သည် ရေဘေးသင့်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေသည့် ဒေသန္တရ ကယ်ဆယ်ရေး စခန်းများနှင့် လူမှုအဖွဲ့အစည်းများထံသို့ ငွေသားလှူဒါန်းမှုများပြုလုပ်ခဲ့ပါသည်။ ယနေ့အထိ MPT သည် ရေဘေးသင့်ပြည်သူများ ပြန်လည်ရှင်သန်ရန်နှင့် ထူထောင်ရေးအတွက် ရေသန့်၊ အစားအစာ အခြောက် အခြမ်းများ၊ စောင်များနှင့် အဝတ်အထည်များကဲ့သို့သော အဓိကလိုအပ်သည့်ပစ္စည်းများကို နေပြည်တော်၊ မန္တလေး၊ ရှမ်း (ရှေ့)၊ ရှမ်း(တောင်) တို့ရှိ ရေဘေးသင့်ဒေသရှိ မိသားစုများထံသို့ ရောက်ရှိစေရေးအတွက် ထောက်ပံ့ ဆောင်ရွက်ပေးလိုက်ပြီ ဖြစ်ပါသည်။

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဗဟိုဌာနသို့ ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးကူညီခြင်း

ပံပိုးကူညီမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် MPT သည် အရေးပေါ်လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်၍ စီမံခန့်ခွဲ နိုင်စေရန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဗဟိုဌာနသို့ အရေးပေါ်ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး ၎င်းတို့၏ လက်ရှိဆောင်ရွက်မှုများတွင် အသုံးပြုနိုင်စေရန်အတွက် ကြိုးဖုန်းလိုင်း (၁၂) လိုင်း၊ အကန့်အသတ်မဲ့အသုံးပြုနိုင်သည့် ဆင်းမ်(SIM) ကတ် (၁၂) ခု နှင့် ဒေတာ 100MB မြန်နှုန်းပါဝင်သည့် Wi-Fi လိုင်း (၁) လိုင်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ အဆိုပါ ဝန်ဆောင်မှုများသည် အရေးပေါ်လိုအပ်သူများအား ထိရောက်သောအထောက်အပံ့ပြုနိုင်ရန် စီမံခန့်ခွဲမှုအတွက် အင်တာနက်အသုံးပြုမှုနှင့် လိုအပ်သော ဆက်သွယ်မှု များ ပြုလုပ်နိုင်စေမည် ဖြစ်ပါသည်။

ရေးဘေးသင့်ပြည်သူများသို့ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ခြင်း

ကူညီကယ်ဆယ်ရေးအဖွဲ့များသို့ ပံ့ပိုးကူညီမှုများ အပြင် MPT သည် ရေဘေးသင့်ဒေသများဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်းနှင့်၊ မြောက်ပိုင်း) တို့ရှိ မြို့နယ် ၈၅ မြို့နယ်မှ ရေးဘေးသင့်ပြည်သူများ ၎င်းတို့၏ မိမိချစ်ရသူများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်နိုင်ရန်နှင့် အရေးပေါ်ဝန်‌ဆောင်မှုများ ရရှိနိုင်စေရန်အတွက် စက်တင်ဘာလ ၁၃ ရက်မှ ၂၆ ရက်အတွင်း (နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း) MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် မိနစ် ၁,၄၀၀ နှင့် စာတိုပေးပို့ခွင့် (SMS) အစောင် ၁,၄၀၀ တို့အပြင် စက်တင်ဘာလ ၂၀ ရက်မှ ၂၆ ရက်အတွင်း (ပဲခူးတိုင်းဒေသကြီး (အရှေ့) နှင့် ကရင်ပြည်နယ်) MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် မိနစ် ၉၀၀ နှင့် စာတိုပေးပို့ခွင့် (SMS) အစောင် ၉၀၀ တို့ကို ပေးအပ်လျက်ရှိပြီး အဆိုပါ ဝန်‌ဆောင်မှုသည် ၎င်းတို့အနေဖြင့် ရေးဘေးဒဏ်မှပြန်လည် သက်သာလာရေး အတွက် ဆောင်ရွက်စဉ်အတွင်း ဆက်သွယ်ရေးပြတ်တောက်မှု မရှိစေရေးအတွက် အထောက်အကူပြုစေနိုင်မည် ဖြစ်ပါသည်။

MPT-KSGM JO ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki Shimane က “မကြာသေးခင်က ရေကြီးရေလျှံမှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရတဲ့ ဒေသခံတွေနဲ့ထပ်တူ ကျွန်တော်တို့များစွာ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ ရေကြီး ရေလျှံမှုတွေ ကြုံတွေ့နေရတဲ့ ဒေသမှာရှိတဲ့ ရေဘေးသင့် ပြည်သူတွေ မိမိချစ်ရတဲ့သူတွေနဲ့ စဉ်ဆက်မပြတ် ဆက်သွယ်နိုင်ဖို့အတွက် MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့်နဲ့ စာတိုပေးပို့ခွင့်တွေအပါအဝင် အရေးပေါ်လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေပါတယ်။ MPT အနေနဲ့ အခုလို အခက်အခဲနဲ့ ကြုံတွေရတဲ့အချိန်မှာ ဆက်သွယ်မှုက အရမ်းအရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ “အတူလက်တွဲအမြဲရှိမည် MPT” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လူမှုအသိုက်အဝန်းနဲ့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေကို တစ်ဖက်တစ်လမ်းကနေ နည်းလမ်းမျိုးစုံနဲ့ ကူညီပံ့ပိုးပေးလျက်ရှိနေပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top