Clean Yangon တစ်ပတ်အတွင်း လှုပ်ရှားမှုများ

22-10-2020-yyl-016.jpg

(အောက်တိုဘာ ၁၅ ရက်မှ ၂၂ ရက်အတွင်း)
ဒီတစ်ပတ်မှာ Clean Yangon အဖွဲ့သားတွေအနေနဲ့ ဘယ်နေရာတွေမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့လည်းဆိုတာကို မျှဝေပေးချင်ပါတယ်။

အိမ်တိုင်ရာရောက်လှူဒါန်းတဲ့ “မျှဝေဖေးကူဒို့အတူ” အစီအစဉ်အနေနဲ့ကတော့ ဒီတစ်ပတ်မှာ တောင်ဒဂုံ၊ မှော်ဘီ၊ မြောက်ဥက္ကလာ၊ ရွှေပေါက်ကံနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက အိမ်ထောင်စုတွေကို အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

Clean Yangon အနေနဲ့ အပတ်စဉ်သောကြာနေ့တိုင်း ရန်ကုန်ဆေးရုံကြီးနဲ့ ဝေဘာဂီဆေးရုံကြီး (မြောက်ဥက္ကလာပမြို့နယ်) က ကျန်းမာရေးဝန်ထမ်းတွေကို ထမင်းဗူးလှူဒါန်းတာမျိုးတွေလည်း ပြုလုပ်ခဲ့ပါတယ်။

တောင်ဒဂုံမြို့နယ်၊ (၆၀) ရပ်ကွက်အတွင်းက မိသားစု (၂၅၀) အတွက် အိမ်ထောင်စုတစ်စုကို ဆန် (၆) ပြည်အပါအဝင် ငွေ (၁၅,၀၀၀) ကျပ် တန်ဖိုးရှိ အခြေခံစားသောက်ကုန်တွေကို အောက်တိုဘာ (၂၁) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။
အောက်တိုဘာ (၂၀) ရက်နေ့က ဟယ်လ်ပင်ကလေးဆေးရုံရှိ ကလေးငယ် (၁၂၀) ဦးကို မုန့်များနဲ့ ပဲနို့များ သွားရောက်လှူဒါန်းခဲ့ပါတယ်။
ကိုဗစ်ကာလမှာ အခက်အခဲဖြစ်နေတဲ့ မှော်ဘီမြို့နယ်အတွင်းက မိသားစု (၂၅၀) အတွက် အိမ်ထောင်စုတစ်စုကို ဆန် (၆) ပြည်အပါအဝင် ငွေ (၁၅,၀၀၀) ကျပ် တန်ဖိုးရှိ အခြေခံစားသောက်ကုန်တွေကို အောက်တိုဘာ (၂၀) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။
လိမ္မော်ရောင်သူရဲကောင်းများဖြစ်တဲ့ ရန်ကုန်မြို့အတွင်း ညဘက်တာဝန်ထမ်းဆောင်နေကြတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေအတွက် ညစာအဖြစ် ဗူးပေါင်း (၂၅၀) ကိုလည်း အောက်တိုဘာ (၁၉) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။
ရွှေပြည်သာမြို့နယ်၊ လှော်ကားအစာစပ်စက်ရုံမှာ ဖွင့်လှစ်ထားတဲ့ Quarantine Center ကို အောက်တိုဘာ (၁၉) ရက်နေ့က လိုအပ်နေတဲ့ပစ္စည်းတချို့သွားရောက်လှူဒါန်းခဲ့ပါတယ်။
မြောက်ဥက္ကလာပမြို့နယ်နဲ့ ရွှေပေါက်ကံမြို့နယ်က မိသားစု (၂၅၀) အတွက် အိမ်ထောင်စုတစ်စုကို ဆန် (၆) ပြည်အပါအဝင် ငွေ (၁၅,၀၀၀) ကျပ် တန်ဖိုးရှိ အခြေခံစားသောက်ကုန်တွေကို အောက်တိုဘာ (၁၈) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။
ရန်ကုန်ဆေးရုံကြီး Ward 7-8 နဲ့ Ward 13-14 တို့မှာ COVID လူနာများထားရှိရန် ပြင်ဆင်မှုများကို Clean Yangon စေတနာ့ဝန်ထမ်းတွေက အောက်တိုဘာ (၁၆)ရက်နေ့က လုပ်အားဒါနပြုခဲ့ကြပါတယ်။
ကိုဗစ်ကာလမှာ အခက်အခဲဖြစ်နေတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က မိသားစု (၂၅၀) အတွက် အိမ်ထောင်စုတစ်စုကို ဆန် (၆) ပြည်အပါအဝင် ငွေ (၁၅,၀၀၀) ကျပ် တန်ဖိုးရှိ အခြေခံစားသောက်ကုန်တွေကို အောက်တိုဘာ (၁၅) ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ အနောက်ပိုင်းဆေးရုံကြီး ၊ တောင်ဥက္ကလာပဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပဆေးရုံကြီး တို့မှာတာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့စေတနာ့ဝန်ထမ်း မောင်နှမများအတွက် အဆာပြေမုန့်မျိုးစုံကို အောက်တိုဘာ (၁၅) ရက်နေ့က သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

Photos- Clean Yangon

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top