ဖခင်သေဆုံးခဲ့သလို အခြေအနေမျိုးနဲ့ ကွယ်လွန်သွားခဲ့တဲ့ အသက် ၁၇ နှစ်အရွယ်လူငယ်လက်ဝှေ့သမား

17y.jpg

လက်ဝှေ့အကျော်အမော် အာတူရို ဂတ်တီရဲ့သားဖြစ်သူ အာတူရို ဂတ်တီ ဂျူနီယာဟာ အသက် ၁၇ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။ သူကိုယ်တိုင်လည်း လက်ဝှေ့သမားဖြစ်တဲ့ ဂတ်တီ ဂျူနီယာကို အခုအပတ်ထဲမှာပဲ မက္ကဆီကိုနိုင်ငံက သူ့ရဲ့တိုက်ခန်းမှာ သေဆုံးလျက်တွေ့ရှိခဲ့ရတာပါ။ လွန်ခဲ့တဲ့ ၁၆ နှစ်က သူ့အဖေ သေဆုံးခဲ့သလို အခြေအနေမျိုးနဲ့ပဲ သေဆုံးနေခဲ့တာပါ။ ကြိုးဆွဲချသေဆုံးနေခဲ့တာဖြစ်ပါတယ်။

မင်းသား၊ဘော်ဒီဂတ်ဟောင်း ချက်ခ် ဇီတိုက ဒီသတင်းကို အောက်တိုဘာ ၈ ရက်နေ့က အခုလိုရေးသားကြေညာပေးခဲ့တာပါ။ “မနေ့က မက္ကဆီကိုရှိ တိုက်ခန်းမှာ ကြိုးဆွဲချလျက်တွေ့ရှိခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် အာတူရို ဂတ်တီ ဂျူနီယာကို R.I.P လို့ ဝမ်းနည်းကြေကွဲစွာနဲ့ ပြောရတော့မယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်က ဘရာဇီးရှိ တိုက်ခန်းမှာ သူ့အဖေကို တွေ့ခဲ့တဲ့ပုံစံအတိုင်းပါပဲ”လို့ ရေးသားထားပါတယ်။

အာဏာပိုင်တွေကတော့ သေဆုံးရခြင်းအကြောင်းအရင်းအသေးစိတ်ကို အတည်မပြုနိုင်သေးပါဘူး။ ၂၀၀၉ ခုနှစ်မှာ အဖေဖြစ်သူ လက်ဝှေ့အကျော်အမော်သေဆုံးခဲ့စဉ်တုန်းက အစပိုင်းမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုလို့ ပြောခဲ့ကြပေမဲ့ အသတ်ခံရတာဖြစ်နိုင်တယ်လို့ယုံကြည်ထားကြတဲ့ မိသားစု၊ ပရိသတ်တွေက ကာလကြာရှည်စွာ မေးခွန်းထုတ်ခဲ့ကြပါတယ်။ အခု သားဖြစ်သူလည်း အလားတူပုံစံမျိုးနဲ့ သေဆုံးခဲ့တာကြောင့် ဒီအကြောင်းကို ပြန်လည်ပြောဆိုလာနေကြပါတယ်။

အာတူရို ဂတ်တီ ဂျူနီယာကို ၂၀၀၈ ခုနှစ်က မွန်ထရီရယ်မှာ မွေးဖွားခဲ့တာပါ။ တက်သစ်စလက်ဝှေ့သမားအဖြစ် သူ့အဖေရဲ့ခြေရာအတိုင်းလိုက်ခဲ့တာပါ။ အားကစားအပေါ် စိတ်အားထက်သန်မှုရှိတယ်လို့ သိထားကြတဲ့ သူဟာ သူ့အဖေရဲ့အမွေအနှစ်ကို ဂုဏ်ပြုဖို့ မျှော်လင့်ချက်နဲ့ စတင်လေ့ကျင့်ရေးတွေဆင်းပြီး အပျော်တမ်းပွဲတွေမှာ ဝင်ပြိုင်ဖြစ်ခဲ့ပါတယ်။

Ref: Arturo Gatti Jr. dies at 17 in shocking circumstances similar to father’s death

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top