စိတ်ကောင်းရှိတဲ့ရေနံအလုပ်သမားတွေကြောင့် ရေနစ်သေရမယ့်ဘေးက လွတ်မြောက်ခဲ့တဲ့ ခွေးကလေး

dog.jpg

ကမ်းခြေကနေ (၁၃၅) မိုင်လောက် အားမလျှော့ဘဲရေကူးခဲ့တဲ့ ခွေးလေးရဲ့အသက်ကို ရေနံအလုပ်သမားများက ပင်လယ်ကွေ့မှာတွေ့ပြီး ကမ်းခြေဆီကို အန္တရာယ်ကင်းကင်း ပြန်ခေါ်လာနိုင်ခဲ့ကြပါတယ်။

Chevron Thailand Exploration and Production ရဲ့သင်္ဘောကျင်းလုပ်သား ဗီတီစပ်ခ် ပရလော်ရ် (Vitisak Payalaw) ဆိုသူက သူ့ရဲ့ ဖေ့ဘွတ်အကောင့်ကနေတစ်ဆင့် ပြီးခဲ့တဲ့ ဧပြီလ (၁၂) ရက်နေ့၊ သောကြာနေ့က အဲဒီခွေးလေးက သူတို့ဆီကူးလာတာကို တွေ့ရှိခဲ့ကြကြောင်း ပုံနှင့်တကွ တင်ထားခဲ့ပါတယ်။

“ပုံမှန်ဆို လှိုင်းလုံးတွေအရမ်းကြီးတာကြောင့် ကျွန်တော်တို့သူ့ကိုဘယ်လိုမှ မမြင်ရပါဘူး။ ဒီကောင်လေးကလည်း အရမ်းကံကောင်းတာပါ။ သူ့မျက်လုံးလေးတွေက အရမ်းဝမ်းနည်းတဲ့ပုံကို ပြနေတာပါ။ “ကျွန်တော့်ကို ကယ်ပါ” ဆိုပြီး အကူအညီတောင်းနေတဲ့ မျက်ဝန်းမျိုးနဲ့ပေါ့။ အဲဒီအချိန် အဲဒီခွေးကိုမြင်တဲ့ ဘယ်သူမဆို ကယ်ကိုကယ်ကြမှာပါပဲ” လို့ ပရလော်ရ်က CNN ကိုပြောကြားသွားခဲ့ပါတယ်။

“ကုန်းပေါ်ရောက်တဲ့အခါမှာလည်း ဟောင်တာတွေ၊ ရန်မူတာတွေလုံးဝမလုပ်ဘဲ ခုံအောက်မှာသာ ငြိမ်ငြိမ်လေးနေနေတာပါ။ သင်္ဘောအလုပ်သမားတွေက သူ့လည်ပင်းကိုကြိုးပစ်စွပ်ပြီးမှ ရေထဲကနေ အားနဲ့ဆွဲတင်ထားကြရတာပါ” လို့ ပရလော်ရ်က ဆိုပါတယ်။

အဲဒီခွေးဟာ ထိုင်းနိုင်ငံတောင်ဘက်ခြမ်းမှာရှိတဲ့ ဆွန်ခါလ် (Songkhla) သင်္ဘောဆိပ်ကို ပြီးခဲ့တဲ့ တနင်္လာနေ့ကရောက်ရှိခဲ့တာဖြစ်ပြီး Watchdog ဆိုတဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာမှာ နေထိုင်နေပြီပဲဖြစ်ပါတယ်။

တကယ်လို့ ဒီခွေးလေးဟာ ပိုင်ရှင်မဲ့ဖြစ်နေမယ်ဆိုရင် ထိုင်းနိုင်ငံအရှေ့မြောက်အရပ်မှာရှိတဲ့ ကျွန်တော့်အိမ်ကိုပဲ ခေါ်သွားလိုက်ပါ့မယ်လို့ ပရလော်ရ်က ဆိုပါတယ်။

ခွေးလေးပါဝင်တဲ့ ရုပ်သံဖိုင်တွေကိုတော့ အောက်ကလင်ခ့်တွေကနေတစ်ဆင့် ဝင်ကြည့်လို့ရပါတယ်။

https://bit.ly/2PlmvPn
https://bit.ly/2GAoMTX
https://bit.ly/2Uw5rH5
https://bit.ly/2UNLznP

Ref : Dog found swimming 135 miles offshore rescued by oil rig workers”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top